unicode
'ဂျပန်စကားပြောတတ်လား'
'နည်းနည်းပဲရတယ်'
'ဒါဆို ကိုရီးယားလိုပဲပြောလိုက်မယ်နော်'
'ဟုတ်'
'ဒါနဲ့..အသက်က..'
'ကျွန်တော်ကငယ်တယ်....၃ နှစ်တောင်ငယ်တာ..Jaden-nim က အစ်ကိုကြီးပါ'
'ဟား..ဟား.. ဟုတ်ပါပြီ..Sam လို့ပဲခေါ်ရမှာပေါ့နော်'
'ဟုတ် သဘောကျသလိုခေါ်ပါ..အစ်ကို'
စားပွဲခုံလေးတစ်ခုမှာ မျက်နှာချင်းဆိုင်ပြီး စကားတွေ ဆက်တိုက်ပြောနေမိသည်။ တွေ့တွေ့ချင်း 'အစ်ကို' လို့ခေါ်မိလို့ ဘာမှတော့မဖြစ်လောက်ပါဘူးဆိုပြီး မှာထားတဲ့ ကော်ဖီခွက်ကို ဂွတ်ဂွတ် ဂွတ် ဆိုပြီးမော့ချလိုက်သည်။
'Sam ရေဆာနေတာလား?'
'ဗျာ'
'ရေမှာပေးမယ်လေ'
'အာ..ရတယ် ရတယ်...ဒီအတိုင်း စိတ်လှုပ်ရှား..အဲ...ရင်ခုန်...ဒါလည်းမဟုတ်ဘူး..ဟို..' အရေးကြီးတဲ့အချိန်ရောက်ပြီဆိုရင် စကားလုံးရွေးချယ်မှုကအလုပ်မဖြစ်တော့။ ကိုယ့်အမိဘာသာစကားကိုတောင် လည်နေတာ ဂျပန်စာရဖို့ဆိုတာ ဒီတစ်သက်ဖြစ်နိုင်ပါ့မလား။
'ပထမဆုံးတွေ့တာမို့လို့ စိတ်ပူနေတဲ့ပုံပဲ...ဘာမှမဖြစ်ပါဘူး..အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာနေပါ'
'ဟုတ်'
'ဒါဆိုလာရင်းကိစ္စကိုပြောလိုက်မယ်နော်'
'ဟုတ်'
ဒိုယောင်းတစ်ယောက် စဝင်လာကတည်းက အတူတူထိုင်ပြီး စကားပြောနေတဲ့အချိန်အထိ တောက်လျှောက် ယိုရှိကိုကြည့်နေခဲ့သည်။ ဒါကိုလည်း ယိုရှိလည်းသိတာမို့ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက် ရေသောက်လိုက် ကော်ဖီသောက်လိုက်နဲ့ ဒိုယောင်းကိုတောင်စေ့စေ့မကြည့်ရဲ။
'ပြောလေ အစ်ကို'
'ဪ အင်း..အဲ့တာက..ဟို' ပြောမယ့်စကားတောင်ရုတ်တရက်မေ့သွားတာကောင်လေးကစိုက်ကြည့်နေတာကြောင့်လား?
'အစ်ကို့စာအုပ်အသစ်အတွက် ဒီဇိုင်းဆွဲပေးဖို့ဆို?'
'အင်း အဲ့တာ ဟုတ်တယ်'
YOU ARE READING
Heart Sketch (Yoshi x Doyoung)
FanfictionAn Author and An Artist meets 💕 then, a story starts