part2

18 1 4
                                    

사랑(love)ep2

ဒီနေ့ ဂျီမင်းအိမ်ကနေကျောင်းကိုစောစောထွက်လာခဲ့လိုက်တယ်။သူ့ထက်စောပြီးကျောင်းရောက်နေချင်တယ်။နေ့တိုင်းသူကပဲကျွန်တော့်ကိုစောင့်နေရတာလေ။တခါတလေတော့သူ့ထက်စောရောက်ပြီးစောင့်ရတဲ့ခံစားချက်လေးသိဖူးချင်လို့။ဒီနေ့သူကြိုက်တဲ့ black coffee လေးကိုမနက်စာစားရင်းအိမ်ကနေကိုယ်တိုင်ဖျော်လာခဲ့တယ်။သူကကျွန်တော်ဖျော်ပေးတဲ့black coffeeဆို အရမ်းကြိုက်လို့တဲ့လေ။သူကလိုတာရပြီးနေရင်အမြဲပေါ်လာတတ်တဲ့လေးထောင့်ဆနဆန်အပြုံးလေးကိုဂျီမင်းအရမ်းသဘောကျတယ်။အဲအပြုံးလေးကြောင့်လည်းဂျီမင်းတို့တွေ့ဆုံခဲ့ကြတာလေ။သူကဘယ်သူလည်းဆိုတော့.....

ရုတ်တရက်နောက်ကနေပြေးဖက်လာတဲ့လက်တစ်စုံ၊ရင်းနှီးနေပြီးသားရေမွှေးနံ့လေး၊ကျွန်တော်ထက်အနည်းငယ်ပိုရှည်တဲ့အရပ်နဲ့သူ့ကြောင့်ကျွန်တော့်ကိုယ်လုံးသေးသေးလေးကသူ့ရင်ခွင်ထဲနစ်မြုပ်လုနီးနီးပင်။

" ရား ....ချစ်လေးကဒီနေ့ကိုယ့်ထက်စောရောက်နေပါလား စောရောက်နေတဲ့သူလေးကို popo ပေးပြီးဆုချရတော့မယ်ထင်တယ် "

"Shittttt ချီးကို popo သွားပေး ဖယ်ပေးအုန်း ငထယ်ကောင် နင့်ကြောင့်ငါအသက်ရှူကြပ်နေပြီ"ဆိုပြီး သူ့လက်တွေကိုဖယ်ပစ်ကာ သူ့ဘက်လှည့်လိုက်တော့ ဂျီမင်းအရမ်းသဘောကျတဲ့လေးထောင့်အပြုံးလေးနဲ့ပြုံးပြနေတဲ့သူ

"ကဲပြောပါအုန်း ပုကျိ ဒီနေ့ငါ့ထက်စောစောအရင်ရောက်နေရတဲ့အကြောင်းလေး မဟုတ်မှငါ့ကိုအရမ်းလွမ်းပြီး...."

" တော် တော် တော်သင့်ပြီ စိတ်ကူးရင်မနေနဲ့ ငါ့ဟာငါစောစောလာတာ ရော့ နင့်အတွက် ငါ ကိုယ်တိုင်ဖျော်လာတာ "
ကျွန်တော်လက်ထဲက black coffeeဘူးလေးပေးတော့ကျွန်တော်အရမ်းသဘောကျတဲ့လေးထောင့်အပြုံးလေးတွေပေးလာကာကော်ဖီဘူးကိုလှမ်းယူတယ်

Tae"အား ဒါကြောင့်လည်းဒီသူငယ်ချင်းတစ်ယောက်တည်းကိုပဲချစ်နေရတာပေါ့ကွာ ဟိ ဟိ"
အဲ ပြောဖို့တခုမေ့သွားတယ် ဟုတ်ပါတယ် သူဆိုတာက ကျွန်တော့်ရဲ့တဦးတည်းသောသူငယ်ချင်းပါ သူငယ်ချင်းလို့သာပြောတာပါ အဲထက်လည်းပိုချင်ပိုကြမှာပေါ့ ဒါပေမယ့်နှစ်ယောက်ကအဖြောင့်စစ်စစ်ကြီးတွေပါနော်။

You've reached the end of published parts.

⏰ Last updated: Sep 07, 2021 ⏰

Add this story to your Library to get notified about new parts!

사랑(love)Where stories live. Discover now