Untitled <2>

378 24 0
                                    


အပိုင်း (၂)

"တီတီတီ တီတီတီ"

ညမရောက်ခင် နေ့ခင်းဘက်ကြီး မိုးချုပ်သွားကြတဲ့
နှစ်ယောက်ကို ဖုန်းအသံက စတင်နှောက်ယှက်လာသည်...။

"ဘာလဲကွာ..."

"ခြူး...ဖုန်းအသံမပိတ်ထားဘူးလား"

အအိပ်ဆတ်တတ်တဲ့ သူမကြောင့် ခြူး သူမအနားရှိစဉ်တိုင်း ဖုန်းအသံပိတ်ထားရသည်ချည်းသာ...။

ဒီနေ့တော့ ဘာမှဂရုမစိုက်နိုင်လောက်အောင် ဖြစ်သွားလေတော့ ဆူပုတ်ပုတ်ဖြင့် ပြောနေသော ကောင်မလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရပြန်သည်...။

"တီတီတီ..."
ထပ်မြည်ဟီးလာတဲ့ ဖုန်းကြောင့် ခြူးဖုန်းကို ဇတ်ကနဲ
ကောက်ကိုင်ရင်း ဝရန်တာအပြင်ဘက်ထွက်လာခဲ့သည်...။

"‌ခြူး...ဒီတစ်ခါလျှော်လိုက်တော့ဟာ"

"ဘာကိုလဲ သဲနွယ်..."

"မနေ့ကပြောတဲ့ ချင်းဘက်ကိုသွားမယ့်အပိုင်းကို
ဒီအတိုင်း ပယ်လိုက်တော့...
ငါနင့်ကိုစိတ်မချဘူး ခြူးရယ်"

"ကျစ်"
တစ်ဖက်အခြမ်းက စုတ်သပ်လိုက်တယ့် ခြူးရဲ့အသံကိုကြားပေမယ့် သဲနွယ် စိတ်ပူပါသည်...
ဒီတစ်ခါအတော်ကိုလမ်းကြပ်နေတာ သဲနွယ် သိနှင့်ပြီးသား
ဒီကြားထဲ ဖြတ်ခုတ်ဖို့ကြံနေတယ် တောကြောင်လိုကောင်တွေကလည်း ရှိသေးသကိုး...။

"တကယ်ပြောတာ ခြူး...ဒီတစ်ခေါက်လမ်းက လုံးဝအဆင်မပြေဘူး...အကောင်ကြီးတွေ ကပ်တယ်ရှိစေဦးတော့
အဲ့ဘက်ကို အဓိက တာဝန်ကျတဲ့ ဗိုလ်ကြီးတစ်ယောက်က
ဒုစရိုက်သားတွေကို အတော်မုန်းတယ်ကြားတယ်"

"မုန်းတာနဲ့ ဘာလုပ်..."

ခြူးကိုဆက်မပြောစေဘဲ...
"သူ့လက်က ဘယ်သူမှပြေးမလွတ်ခဲ့ဘူးတဲ့ ခြူး...
တစ်ဖွဲ့လုံးကို သူက အမိဖမ်းတာတဲ့"

"ဟက်...ဘာလဲ သဲနွယ်
ကိုယ့်ကိုစိတ်ပူတာလား...မင်းတို့အတွက်စိတ်ပူတာလား"

ခပ်ရွဲ့ရွဲ့စကားကြောင့် သဲနွယ် ဒေါသကထောင်းကနဲ ထွက်သွားသည်မို့ ဖုန်းကိုချက်ချင်းချပစ်လိုက်ပြီ....
"ခြူး ခြူး...နင်က စေတနာနဲ့ သိပ်ကိုမတန်နေတာဘဲ"

-Untitled-Where stories live. Discover now