Unicode....
ရှီးဝမ်မူ မယ်တော်ရဲ့ အကြောင်းကို
တော်ကီနည်းနည်းဖုတ်မယ်နော်....
စိတ်ဝင်စားဖို့ကောင်းတာ
မလို့ ဖတ်ပေးကြပါ။Daomu biji novelရဲ့
Live action တွေကို ကြည့်တဲ့သူဆိုရင် သူမရဲ့နာမည်ကို အရမ်းရင်းနှီးနေမှာ။ novelရဲ့ အဓိက အတွဲထဲက မြွေများနှင့်တစ္ဆေတိုင်းပြည်ဆိုတာကို Live action အဖြစ်ရိုက်ထားတဲ့ Ultimate note မှာဆိုရင် ရှီးဝမ်မူမယ်တော်ရဲ့ နန်းတော်ကို စွန့်စားခန်းသွားခဲ့ကြတာ။ မြွေတွေ အများကြီး ရှိတဲ့တောထဲမှာပေါ့။ထမုတော ထဲမှာ ရှီးဝမ်မူမယ်တော်က မသေဆေးဖော်ခဲ့တာ။ တကယ် အောင်မြင်လား မအောင်မြင်လားတော့ မသိပေမယ့်။
မသမာသူတွေကလဲ ထမုတောထဲကို
လာရှာကြတာပေါ့။ ရှီးဝမ်မူနန်းတော်မှာ
ထောင်ခြောက်တွေအများကြီးနဲ့
မြွေတွေကလည်း ထန်းပင်လောက် မကဘူးအကြီးကြီးတွေ...အဲထဲမှာ ရှီးဝမ်းမူ
မယ်တော်ရဲ့ အကြောင်းကို တစ်မျိုးတွေ့နိုင်မှာပါ။အဲဒီဇာတ်ကားကလည်း စိတ်ကူးယဥ် ဖြစ်သလို
ဒီ webtoonကလည်း စိတ်ကူးယဥ်ပေါ့။
ဒါက webtoon ဆိုပေမယ့် တရုတ်ရိုးရာကို
ဇာတ်အိမ်တည်ထားတာပါ။ကိုယ် Googleမှာ တွေ့သလောက် ပြန်ပြောပြမယ်။ရှီးဝမ်မူမယ်တော်က တရုတ်လူမျိုးတွေ ကိုးကွယ်တဲ့ နတ်ဘုရားမ တစ်ပါး ပါ။ ရှေးကျပြီး အစွမ်းထက်တဲ့ နတ်ဘုရားထဲမှာ ပါပါတယ်။
သတ္တဝါ တွေရဲ့ ရှင်သန်ခြင်း၊ သေဆုံးခြင်းနဲ့ ဖန်တီး ခြင်း ဖျက်ဆီးတွေကို လုပ်နိုင်တယ်လို့
ဆိုကြတယ်။ သူမက တစ်ချိန်က တောထဲမှာ
နေထိုင်ပြီး မကောင်းမှုတွေ ကျူးလွန်ခဲ့တဲ့ နတ်ဆိုး ကနေ ညဏ်အလင်းရပြီး နတ်ဘုရား
ဖြစ်သွားတယ်လို့ ပြောကြတယ်။Xī (西) ရှီး ဆိုတာ အနောက် လို့
အဓိပ္ပါယ်ရပြီး
wáng (王)ကတော့ ဘုရင်မ တဲ့
mǔ (母) ကတော့ အမေလို့ ခေါ်တယ်တဲ့
ရှီးဝမ်မူဆိုတဲ့နာမည်ရဲ့ အဓိပ္ပါယ်ကတော့ Queen Mother of the Westပါ။ကျောက်စိမ်းဧကရာဇ်နဲ့ လက်ထပ်ပြီး
သားသမီးတွေလည်း အများကြီး ရှိတယ်
လို့သိရတယ်။သူမ က ငှက် ၃ကောင်
မွေးထားတယ်တဲ့
အဲဒီငှက် ၃ ကောင် ကို ခွန်းလွန်တောင်ရဲ့
မြောက်ဘက်မှာ တွေ့ရလေ့ ရှိတယ်။
(ကိုယ် တော့ မင်းသားက
ရှီးဝမ်မူမွေးထားတဲ့ ငှက် ကနေ
ကျောရိုးယူထားတာ လို့ထင်တယ်)
YOU ARE READING
ဇာမဏီနတ်ဘုရား၏ သတို့သမီး (ဇာမဏီနတ္ဘုရား၏ သတို့သမီး)
Fantasyခွန်းလွန်တောင်ရဲ့ အရှင် ဇာမဏီ နတ်ဘုရားနဲ့ နတ်ဘုရား၏ ပိုင်နက်ကို ရောက်လာမိတဲ့ ကောင်မလေး.... လူသားနဲ့ နတ်ဘုရားကြားက ချစ်ခြင်း.... ကိုယ့် အကြိုက် မလို့ Tranလိုက်ပါတယ် ကိုယ်က အတောင်ပံတွေ နဲ့ နတ်ဘုရားတွေကို အရမ်း အရူးအမူးကြိုက်တယ် 🔥 You can read this we...