Untitled <3>

353 23 0
                                    


အပိုင်း (၃)

နန်းကို အဆက်အသွယ်မလုပ်ဖြစ်တာ တစ်လတိတိရှိပြီ...
မမှားဘူးမလား...?
ကိုယ့်ကိုမချစ်တဲ့လူကို အနားကိုထပ်ဆွဲထားရလောက်အောင်အထိ ကိုယ် မမိုက်မဲသေးပါဘူး...
ဒီလောက်ဆို တော်ပြီမလား...
ကိုယ်ဘာမှလုပ်ခဲ့တာမှ မဟုတ်ဘဲလေ ။

"မောင်..."

"အဲ့နာမ်စားထပ်မခေါ်ဖို့ပြောထားတယ်မလား သဲနွယ်..."

"တောင်းပန်ပါတယ် ... အထပ်ထပ်ပြောခဲ့ပေမယ့် ထပ်ပြောဦးမယ် ခြူး မသွားပါနဲ့နော်..."

"သွားမယ် သဲနွယ်...ကိုယ်ရောက်အောင်သွားမယ်"
"အဲ့ဘက်မှာ တစ်ခါထဲ သေသွားရင်လည်း
ကိုယ့်ဘက်က တစ်ခုဆုံးရှုံးစရာမှမရှိတာ..."

"ခြူးရယ်... စွန့်စားဖို့မဟုတ်ဘဲ အသက်ကို ရင်းဖို့များတွေးနေသလား?"

"အင်း...ငါ သေပစ်လိုက်ချင်တာ နွယ်"
ငိုနေတာမဟုတ်ဘဲ မျက်ရည်တွေက ထပ်ကျလာတယ်...
သူသဲနွယ်ကို အားနာလှပြီ...
တခြားတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုချစ်တဲ့လူကို
ဘေးထားပြီး ရင်ကွဲနေရတာ အားနာလှပြီ ... ။

"အာ...ငါ သူ့ကိုလွမ်းလို့ငိုတာမဟုတ်‌ဘူးနော်"

"အင်း..."
သဲနွယ် ဘာမှမပြောဘဲ ခြူးရဲ့ ကိုယ်သေးသေးလေးကိုသာ ရင်ခွင်ထဲ ထည့်ထားမိတယ်...။

ဒီတစ်လလုံး ခြူးက တရှောင်ရှောင်နဲ့ရယ်...
နဂိုထဲက ပိန်တဲ့ခြူးက အခုများတော့ အရိုးတစ်ချောင်းနဲ့အသက်ရှင်သလား ထင်ရလောက်အောင် ပိန်ကပ်သွားတာ...။

စကားလေးတစ်ခွန်းစ နှစ်ခွန်းစပြောပြီးရင် မျက်ရည်ကကျလာလိုက်...
ပင်ပန်းပြီးဆိုပြန်အိပ်လိုက်နဲ့ ။
ခြူး အိပ်မပျော်တာ သိပေမယ့် သူက အိပ်တယ်ပြောတော့လည်း အိပ်ပါတယ်ပေါ့...။

အခုလည်း ဘာမှပြင်ဆင်ထားခြင်းမရှိပါဘဲ ညနေကို ချင်းပြည်နယ်ဘက်ကို တတ်ဖို့ပြင်နေတာလေ...
ခဏလေးနားတုန်း စကားလာပြောမိတာ မှားသွားသလားထင်ရအောင် ခြူးက မျက်ရည်တွေထပ်ကျပြန်တော့
သဲနွယ်က ပိုလို့ စိတ်ပင်ပန်းရပြန်တယ်...။

သဲနွယ် စိတ်တွေတအားလေးနေတာ တစ်ပတ်လောက်ရှိပြီ...
သူ့ကိုမသွားခိုင်းစေချင်တာ အဲ့တာတွေကြောင့်လည်းပါတယ်...
ခေါင်းမာတဲ့ လူမို့ ပြောလို့မရမှာလည်း သိတာမို့
သဲနွယ်ရဲ့ လူယုံနှစ်ယောက်သုံးယောက်လောက်ကို
အပြင်က အသာလေး ဂရုစိုက်ပေးဖို့မှာထားရတာ...
'ခြူးကို ချစ်ရတာ မလွယ်ပါဘူးလေ...'

-Untitled-Where stories live. Discover now