လမ်းမကြီးနံဘေးထက်ဝယ် တရှုံ့ရှုံ့ငိုနေသော ဆယ်နှစ်အရွယ်ကလေးငယ်လေးတစ်ဦး....အကြည့်တို့က ရေမြောင်းဘောင်ပေါ်သို့ ကုတ်တွယ်တက်နေသော ခွေးလေးတစ်ကောင်ဆီသို့တလှည့် လမ်းသွားလမ်းလာများကို တလှည့် အကူညီတောင်းခံနေသော မျက်ဝန်းညိုညိုတို့က ငေးနေချင်စရာကောင်းလှအောင် သက်ရှိကြွေရုပ်ကလေးအလား.....
Jungkook တော်တော်ကြာ အဝေးကငေးနေမိသည့် ကြွေရုပ်ကလေးက တဖြေးဖြေးသည်းထန်စွာ ငိုလာတော့ ဘယ်လိုမှ နေမရတော့....ကော်ဖီဝယ်နေသော Daddy လက်ကို ဘာမပြောညာမပြော ဆွဲခေါ်လာခဲ့ပီး ကြွေရုပ်လေးအနားရောက်တော့....
" မငိုနဲ့တော့နော်...ကိုကိုတို့လာပီ....ကြွေရုပ်ကလေးရဲ့ ခွေးလေးကို ကယ်ပေးမယ်နော်...."
သားဖြစ်သူအကြောင်းသိထားပီးသူဖြစ်၍ Jeon Jungho အခြေနေကို သဘောပေါက်လိုက်သည်....ဝတ်ထားသော အဝတ်စားတို့ကို ချွတ်လိုက်၍ ဘောက်ဆာတစ်ထည် စွပ်ကျယ်တစ်ထည်နဲ့ မြောင်းထဲဆင်းပီး ကယ်ဆယ်ရေး လုပ်ရအုံးမည်....ကလေးနှစ်ယောက်နဲ့ မနိုင်မနင်း Jeon Jungho အနေအထားကြောင့် မနေနိုင်သူတစ်ချို့ပါ ဝင်ကူညီသဖြင့် မြောင်းထဲကခွေးလေး အသက်ဘေးကကင်းလွတ်ခဲ့ရသည်....
" ကျေးဇူးပါကိုကို....ကူညီလက်စနဲ့ ခွေးလေးကိုမုန့်လေးဝယ်ကျွေးခဲ့ချင်လို့ ပိုက်ဆံလေးနဲနဲပေးခဲ့ပါ့လား...."
" ဒါမင်းခွေးမဟုတ်ဘူးလား...."
" ဟင့်အင်း....မင်လေးခွေးမဟုတ်ပါဘူး....မင်လေးကျောင်းကပြန်လာတော့ ရေမြောင်းထဲက အော်သံကြားလို့ ငုံကြည့်ရင်း တွေ့မိလို့.....မင်လေးလဲမဆင်းရဲတာနဲ့ သနားလို့ငိုနေမိတာ...."
" မင်းကိုငါမြင်ဖူးပါတယ်....aww.....လမ်းထိပ်စားသောက်ဆိုင်က မဟုတ်လား...."
" ဟုတ်တယ်ကိုကို....နောက်နေ့ ဆိုင်ကိုလာခဲ့...ဦးဦးပါလိုက်ခဲ့နော်....သားဝက်ချိုချဉ်တွေ အများကြီးအလကားကျွေးမယ်နော်...ဆက်ဆက်လာခဲ့နော်...သားမရှိလဲ သားနာမည်ပြောလိုက်....အိုမားက အများကြီးပိုထည့်ပေးလိမ့်မယ်....သားနာမည်က Park Jimin....ကိုကိုက ဥာဏ်မကောင်းလောက်ဘူး...ဦးဦးပဲမှတ်ထား လိုက်တော့နော်...."
YOU ARE READING
✨ Butterfly Fly Away ✨
Short Storyချစ်တိုင်းလဲ မညားဆိုတာ ရာဇဝင်တွေထဲက ယုံတမ်းပုံပြင်ငယ်လို့ ထင်ခဲ့ဖူးတယ်