Jungkook တပည့်တွေယူလာတဲ့ ရေနဲ့ ကြွေရုပ်လေးရဲ့ ဒဏ်ရာကို အရင်ဆေးကြောသန့်စင်ပေးလိုက်ပီး ပတ်တီးဖွဖွစည်းပေးလိုက်သည်....သူ့ဒဏ်ရာကတော့ သွေးတို့မတိတ်သေး....အောက်ခံဝတ်ထားသော စွပ်ကျယ်ပါ သွေးတို့ပေပွသွား၍ တပည့်များက အဝတ်အသန့်လဲရန် ယူလာခဲ့တော့ နေရာမှာတင်ပဲ ချွတ်လဲလိုက်သည်...ရင်ဘတ်ပေါ်က မျက်နှာလှလှစုတ်ချက်လေးမှာ စွပ်ကျယ်ချွတ်လိုက်မှ ပေါ်ထွက်လာတော့ ငေးသွားတဲ့မျက်နှာနုနုလေးက စိတ်မထိန်းချင်စရာလေး....
" ကိုင်ကြည့်ချင်လို့လား ကလေးလေး..."
" ဘာ...ဘာတွေပြောနေမှန်းလဲ မသိဘူး..."
ရုတ်တရက်ဆန်စွာ အနားကပ်သွားလိုက်ပီး လက်ဖောင်းဖောင်းလေးကို ကိုင်ပီးရင်ဘတ်ပေါ်ထိတွေ့ပေးလိုက်တော့ အစကတော့ ရုန်းနေသေးသည်...တင်းတင်းကျပ်ကျပ်ပိုတိုးကိုင်ထားလိုက်မှ ရင်ဘတ်ပေါ်က မျက်နှာလှလှလေးရဲ့ မျက်လုံး မျက်ခုံး နှုတ်ခမ်းဖူးဖူးလေးအဆုံး ဖွဖွလေးကိုင်ကြည့်လာသည်....
" ထိုးတုန်းက တော်တော်နာမှာပဲနော်..."
လက်ချောင်းလေးတွေက ရိုးရိုးလေး ထိတွေ့ကိုင်တွယ်နေသော်လည်း အရိုင်းစိတ်တွေက ထကြွလာတော့ Jungkook နောက်ကျောမှာ ချွေးတွေတောင် စီးကျလို့....ရီဝေနေတဲ့ အကြည့်တွေကို ထိန်းချုပ်နေဖို့ မလိုလောက်တော့ဘူးယူဆမိတာကြောင့် ထိန်းချုပ်မနေခဲ့တော့...
" အဲ့....အဲ့ဒါဘယ်လိုကြီးကြည့်နေတာလဲ...ငါအိပ်တော့မယ်...အခန်းထဲကထွက်တော့...."
ရှက်ရှက်နဲ့ ထလိုက်တာကြောင့် ခြေထောက်ကဒဏ်ရာက နာသွား၍ အသံပိစိလေးထွက်သွားသေးသည်....လူတစ်ယောက်လုံးကို ကြည့်နေလိုက်တာ အကောင်လိုက်မြိုချတော့မလိုလို....အကြည့်တွေကလဲ စူးရဲလာလိုက်တာ မျက်လုံးချင်းဆုံကြည့်ဖို့တောင် မဝံ့မရဲဖြစ်မိတာကြောင့် အမြန်နှင်ထုတ်မှ ရတော့မည်....
" ဒါကိုကို့အိမ်လေ...ဘယ်မှာနေနေပေါ့....တူတူအိပ်ချင်လို့ ခိုးပြေးလာပါတယ်ဆို....ဒီအခန်းထဲမှာပဲ အိပ်မှာလေ...."
" Jeon Jungkook....ငါအဲ့ခေါင်းကို ထပ်ရိုက်ခွဲမှာနော်....မအိပ်နိုင်ဘူး...ခုချက်ချင်းထွက်...."
YOU ARE READING
✨ Butterfly Fly Away ✨
Short Storyချစ်တိုင်းလဲ မညားဆိုတာ ရာဇဝင်တွေထဲက ယုံတမ်းပုံပြင်ငယ်လို့ ထင်ခဲ့ဖူးတယ်