Unicode
၀ိတိုရိယဆေးရုံ VIP ခန်းရှေ့ ဆရာဝန်နှင့်စကားပြောပြီး ဝေလင်းရှိန် အခန်းထဲ၀င်လာခဲ့လိုက်သည်။ ပင်ပန်းသွားသည်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည့်ကလေးငယ် ၏ လက်တွင်စည်းထားရသည့် ကျောက်ပတ်တီးကအဖွေးသား။ ဘယ်ဘက်လက်ဖျံရိုး အရိုးအက်သွားလောက်သည့်အားသည်တော်ရုံမဟုတ်။ ကုတင်ဘေးထိုင်နေသည့် ခေတ်ရွှန်းသူကလည်းမျက်နှာမကောင်း။ ဝေလင်းရှိန်ကိုမြင်သည့်အခါ အပေါ် coat ကို ချွတ်ပြီး ပြန်ကမ်းပေးလာ၏ ခေတ်ရွှန်းသူကိုယ်ပေါ်မှအင်္ကျီတွင်သွေးစအနည်းငယ်တွေ့ ရသည်ကိုအကြည့်ရောက်သည့်အခါ အရိပ်အကဲဖမ်းတတ်သည့်ခေတ်ရွှန်းသူဖြေလာ၏
"ကျောက်ခဲနဲ့ ခြစ်မိပြီး လက်ဖဝါး ရှသွားရုံပါပဲကိုဝေလင်း"
"ဆေးတော့စည်းသွားလိုက်ပါ"
"ခနနေသွားလိုက်ပါ့မယ်"
"ကျွန်တော့် coat က ယူသွားလို့ရပါတယ်။ နောက်နေ့မှ ပြန်လာယူခိုင်းလိုက်ပါ့မယ်"
"ကျေးဇူးပါကိုဝေလင်း"
"ဘယ်သူ့လူတွေလဲဆိုတာတော့ ခေတ်ရွှန်းသူသိတယ်မလား..."
"Galaxy လုပ်ငန်းစု"
"ဒီရက်ပိုင်းအသွားအလာဂရုစိုက်ပါ.....ပြီးတော့ အန်ကယ် နဲ့ ဒေါ်မေသက် ကိုလည်း သူရိန့်ကို လာကြည့်မယ်ဆို အိမ်လာလို့ရကြောင်းပြောပေးပါ။ ခေတ်ရွှန်းသူလည်း လိုက်ခဲ့လို့ရပါတယ်"
"ခေတ်.....ကိုဝေလင်းကို ဘယ်လိုစကားနဲ့ တောင်းပန်ပြီး ဘယ်လိုစကားနဲ့ ကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး"
ဖြစ်ပျက်ခဲ့သည့်ကိစ္စတို့ကိုခဝါချကာ အိမ်လာခွင့်ပေးခြင်းသည် ခေတ်ရွှန်းသူ လုပ်ရပ်တို့ကို ကိုဝေလင်း ခွင့်လွှတ်လိုက်သည်ဆိုသည့်အဓိပ္ပါယ်သက်ရောက်သည်ကြောင့် ခေတ် ၀မ်းသာရပါသည်။ သို့သော် ကိုဝေလင်းအပေါ် ကျူးလွန်ခဲ့မိသည့်ကိစ္စတို့အတွက်တော့ အားနာနေရဆဲပင်။
"မင်းမာန်ကိုခေါ်ထားတယ်။ လာရင် မင်းမာန် လိုက်ပို့ပေးပါလိမ့်မယ်....ခေတ်ရွှန်းသူပြန်နားလိုက်တော့။ သူရိန့်ကိုတော့နိုးလာမှ ဆေးရုံဆင်းပြီး အိမ်ခေါ်သွားလိုက်ပါမယ်"
STAI LEGGENDO
သက်ဆိုင်သူ (Unicode+Zawgyi)
Narrativa generalepunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။