အပိုင်း (၅၉) စဆုံး

951 76 0
                                    

အပိုင်း (၅၉) အစအဆုံး

အခွဲ-၁

အရှေ့နန်းတော်မှာခစားတဲ့ကုန်းကုန်းတွေကို နန်းတွင်းကပိုင်ဆိုင်တာမို့ သူတို့တွေဟာ စီမံခန့်ခွဲရေးဌာန၏ လက်အောက်တွင် ရှိကြတယ်။ ယွမ်ပေါင်ဟာ အရှေ့နန်းတော်သို့ စေလွှတ်ခံလိုက်ရတည်းက သန့်ရှင်းရေးနဲ့ တံမြက်စည်းလှည်းခြင်းအစရှိတဲ့ သာမာန်အလုပ်များကိုသာ လုပ်ဆောင်ခဲ့ရသည်။ အကျိုးရလဒ်အနေနဲ့ သူ အပြင်ဘက်ကလူတွေနဲ့ သိပ်ပြီးအဆက်အဆံမရှိခဲ့ဘူး၊ ဒါကြောင့် သူ့ကိုသိကြတဲ့လူတွေ သိပ်မများလှဘူး။ (ယွမ်ပေါင်အစစ်အကြောင်း)

ဟွားကျူ့ယွီအတွက်တော့ ထန်ရေကန်ရဲ့ညချမ်းလေးကုန်ဆုံးပြီးသွားတဲ့နောက် ဟွမ်ဖူဝူရွှမ်းဟာ သူမကို သူ့ရဲ့ပင်တိုင်စံကုန်းကုန်းအဖြစ် ခန့်အပ်ခဲ့တယ်၊ ထိုရာထူးက အတော်လေးမြင့်တယ်လို့ ယူဆလို့ရတယ်။ သူမ လက်ဖက်ရည်ခစားခြင်းအစရှိသည့် သာမာန်မျှအလုပ်လေးတွေကို လုပ်ဆောင်ရမြဲဖြစ်ပေမဲ့ ရုံးတော်၏လုပ်ဆောင်ချက်တွေအကြောင်း ကြားသိခွင့်ရနိုင်တယ်လေ။

တစ်နေ့ ဟွမ်ဖူဝူရွှမ်းတစ်ယောက် တော်ဝင်စာကြည့်ခန်းကနေ စိတ်ဆိုးဆိုးနဲ့ ထွက်လာခဲ့တယ်၊ တော်ဝင်ဆရာတော်ကြီးရဲ့ ဆူပူမှုကြောင့်ဖြစ်ဖို့များ၏၊ ဒါကြောင့် သူ့ရဲ့ဖိစီးမှုတွေပြေပျောက်ဖို့ တော်ဝင်ဥယျာဉ်ဆီသို့ တစ်ခြားကုန်းကုန်းလေးတွေနဲ့အတူ ဟွားကျူ့ယွီ လိုက်ပါခဲ့ရသည်။ ဥယျာဉ်သို့အသွားလမ်းတစ်ဝက်မှာ သူမတို့ဆီသို့ ဦးတည်ဝင်ရောက်လာတဲ့ မြင်းကြီးတစ်ကောင်ရဲ့ဘေးမှာ ကုန်းကုန်းတစ်သိုက်ရှိနေတာကို လှမ်းမြင်လိုက်ရသည်။

ထိုသို့မြင်လိုက်တာနဲ့ ဟွမ်ဖူဝူရွှမ်းဟာ သူ့ရဲ့ကုန်းကုန်းတွေနဲ့အတူ ဘေးသို့ လျင်မြန်စွာကပ်ပေးပြီး ခေါင်းငုံ့ကာ ထိုနေရာမှာပဲ တိတ်တိတ်လေးရပ်နေတော့သည်။ အမွှေးတိုင်တစ်တိုင်စာမပြည့်မှီအချိန်လေးမှာ မြင်းခွာသံတွေက ကျယ်သထက်ကျယ်လောင်လာပြီး နီးကပ်လာတော့ ကြည်လင်ပြီးနူးညံ့တဲ့အသံလေးကို ကြားလိုက်ရသည်၊ “အိမ်ရှေ့စံအကိုတော် ဒီကိုရောက်နေတာလား!”

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now