{ I Believe U }

717 66 3
                                    

Unicode;

မောင်နဲ့ကျွန်တော် လက်ထပ်ထားတာ သုံးနှစ်ကြာခဲ့ပြီ မောင့်မိဘတွေ သဘောမတူခဲ့သည့် လက်ထပ်ပွဲလေးပေါ့
ကြီးကြီးတက်ချမ်းသာတဲ့ မိသားစုကမောင်ဟာ ကျွန်တော်လို တကောင်ကြွက်တယောက်ကို သူ့မိဘတွေ ကန့်ကွက်တဲ့ကြားက လက်ထပ်ယူခဲ့တာ၊ သီချင်းဆိုရတာ နှစ်သက်တဲ့မောင်ဟာ သူ့မိဘတွေဖြစ်စေချင်တဲ့ Company CEOရာထူးထက် သာမာန်အဆိုတော်တယောက်ဖြစ်ချင်ခဲ့ပုံပင်။

ဒါကိုပင်အလိုမကျသည့် မိဘများက ကျွန်တော်လို သူဆင်းရဲတစ်ယောက်နဲ့ မောင်ချစ်ကြိုက်နေသည်ကို သိသွားတဲ့အချိန်မှာ လမ်းခွဲဖို့အထိကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပျက်စီးခဲ့ရသေးသည်
မာနစိတ်ရင်းကြီးသည့် ကျွန်တော့်ဘက်မှ လမ်းခွဲစကားဆိုခဲ့သည့်အချိန် မောင့်ဘက်က အတင်းကပ်တွယ်ထားခဲ့၍သာ ခုချိန်မှာကျွန်တော်တို့ ပျော်ရွှင်စွာပေါင်းဖက်နေရတာ

You are the cause of my euphoria~~ (rings)

အတွေးတို့ဖြင့် နစ်မြောနေသောကျွန်တော်၊
သူငယ်ချင်းဖြစ်သူ ဂျီမင်း၏ဖုန်းခေါ်သံကြားမှ လက်ရှိနေရာသို့ ပြန်လည်သတိရမိတော့သည်

"ဟယ်လို မင်နီး.. ပြော "

"ယောင်း.. မင်းရဲ့မောင်ကို ငါမမတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ တွေ့နေရတယ် "

"မင်းလာနောက်နေတာလား.. မောင်ကအခုချိန်ဆို စင်ပေါ်မှာသီချင်းဆိုနေလောက်တာကို.."

ဟုတ်ပါသည် တဦးတည်း​သောသူဌေးသားလေးမောင်က ကျွန်တော်နဲ့လက်ထပ်ပြီးသည့်အချိန်မှစ၍ စားသောက်ဆိုင်တဆိုင်ရဲ့ အချိန်ပိုင်းအဆိုတော်အဖြစ် အလုပ်လုပ်ခဲ့ရသည်လေ၊
အသံကောင်းသည့်အပြင် ရူပါဖြောင့်သောမောင်ကြောင့် စားသုံးသူတွေပင် ပိုများလာသည်ဟုဆိုင်ရှင်အစ်မကပင် ချီးကျူးရသည်အထိ။

"ငါတကယ်ပြောနေတာကွ.. ငါအခုဂျွန်ဂျောင်ကုရဲ့အလုပ်ဆိုင်မှာပဲ မင်းမယုံရင်လိုက်လာခဲ့.. မင်းရဲ့မောင်က မူးနေတဲ့ပုံပဲ"

အတည်ပေါက်ပြောနေသည့် ဂျီမင်းစကားတို့ကြောင့် သွားကြည့်ချင်စိတ်တို့ပေါက်လာသည်
မောင်ကိုမယုံသည်တော့မဟုတ်၊ မောင်ကအဲ့လိုလူမျိုးမှာမဟုတ်တာ

My Safe Place { TAEKOOK Short Stories }Where stories live. Discover now