အပိုင်း (၆၀) စဆုံး
အခွဲ-၁
ဟွမ်ဖူဝူရွှမ်း၏ဓါးမြောင်ကဲ့သို့မျက်လုံးတစ်စုံက အားကွေပေါ် သက်ဆင်းသွားသည်။ အားကွေတစ်ယောက် သူ့ကို ဂါရဝလာပြုမှာကို စောင့်စားနေသကဲ့သို့ သူ ရန်လိုတဲ့ချောင်းကြီးတစ်ချက်ဟန့်လိုက်တယ်။ ခဏမျှကြာပြီးတဲ့နောက် သူ ရှေ့သို့ဖြည်းညှင်းစွာလျှောက်သွားပြီး စားပွဲပေါ်သို့ သဝဏ်လွှာကို ဆောင့်ချလေသည်။
ဟွားကျူ့ယွီ ဘာတစ်ခုမှပြန်မပြောဖြစ်ဘဲ မျက်မှောင်ကြုတ်မိသွား၏။ “ဒီကောင်စုတ်လေးက ဒီနေရာကို နန်းတွင်းလို့ထင်နေတာလား၊ သူမတို့က အကူအညီတောင်းခံဖို့ ဒီနေရာကိုရောက်လာခဲ့ကြတာ၊ သူက ပိုက်ဆံရော ချေးဌားချင်သေးရဲ့လား? ဒီလိုရန်လိုတဲ့အပြုအမူမျိုးနဲ့ဆို တစ်ဘက်လူက သူမတို့ကို ချေးဌားချင်ပါဦးမလား? သဝဏ်လွှာပေးပို့တဲ့လူအုပ်စုတွေထဲမှာ အာဏာပါဝါကင်းမဲ့သူဟူ၍မရှိပေမဲ့ သူတို့တွေဟာ သဝဏ်လွှာကိုပေးပို့စဉ်မှာ မိမိကိုယ်ကိုနိမ့်ချထားဆဲဖြစ်သည်”
ကံကောင်းစွာနဲ့ အားကွေဟာ သတိမပြုမိဘဲ ပုံမှန်အတိုင်း စားပွဲပေါ်ကသဝဏ်လွှာကို တည်ငြိမ်စွာ ကောက်ယူလေသည်။ တည်ငြိမ်အေးချမ်းတဲ့မျက်ဝန်းတစ်စုံနှင့် သဝဏ်လွှာကို ပုံမှန်အတိုင်း တစ်ချက်မျှကြည့်ပြီး တည်ငြိမ်စွာပြောလာ၏၊ “ဒီသဝဏ်လွှာကို အစေခံအိုကြီး လက်မခံနိုင်ပါဘူး၊ ငွေသားပမာဏက အရမ်းကိုများလွန်းတယ်၊ ကျေးဇူးပြု၍ ကျွန်တော်တို့ကိုခွင့်လွှတ်ပါ၊ ကျွန်တော်တို့ မကူညီနိုင်ပါဘူး!”
“မင်းတို့မှာ အဲ့လောက်ငွေသားများများမရှိမှန်း ငါသိပြီးသားပါ!” ဟွမ်ဖူဝူရွှမ်း၏မျက်နှာဟာ မည်းမှောင်လာရင်း အေးတိအေးစက်မာန်ဖီပြောလေသည်။
ဟွမ်ဖူဝူရွှမ်းဟာ ဘယ်အချိန်ကျမှ လူတွေကိုမစိုးရိမ်မပူပန်စေမှာလဲ!?ဟု တွေးတောရင်း ဟွားကျူ့ယွီ မျက်မှောင်ကြုတ်မိသွား၏။
သို့သော် ငွေသားအတွက် တစ်ခြားသူကိုတောင်းဆိုဖို့ သူ့အားတိုက်တွန်းပြောဆိုရတာ တကယ်ပဲ ခက်ခဲလွန်းလှ၏။ အိမ်ရှေ့စံမင်းသားဆိုသည့် သူ့ရဲ့မာန်မာနကိုတွေးတောကြည့်တော့။ ယခင်က သူ တစ်ခါမှ ပိုက်ဆံမချေးဌားဖူးမှန်း သိသာလှ၏၊ အခုချိန်က သူ့ရဲ့ပထမဆုံးအကြိမ်ဖြစ်တာမို့ သူ ချေးဌားဖို့တွန့်ဆုတ်နေတာ ပုံမှန်ပဲဖြစ်သည်။

YOU ARE READING
Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံး
Historical FictionFeng Yin Tian Xia (ပုန်းလျှိုးနေသောဖီးနစ်မင်းသား) Author - 月出云 မြန်မာဘာသာပြန် - My Novel Dramaအနေနဲ့ဆိုရင် Love under the floral rainနာမည်နှင့် Sebrina Chenနဲ့ Leon Leongတို့ အဓိကပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ် အပတ်စဉ် တနင်္ဂလာနှင့် သောကြာနေ့တိုင်း...