Episode (14)

279 15 0
                                    

Uni#

         ''ဘယ်လိုဖစ်ပီး ချက်ချင်းဖစ်သွားတာလဲ ဖေဖေ......'' မင်းစက်က ထမင်းစားဆောင်ကို ဝင်လာရင်း breakfast စားနေသော ဖေဖေ့ကို ဆိုလာသည်။ သောက်နေသော ကော်ဖီခွက်ကို ဘေးချထားကာ...

         ''ငါတို့ စောစောမလှုပ်ရှားရင် ဟိုကောင် Oemenတို့ အရင်လက်ဦးသွားလေ့မယ်...''

        ''ဖေဖေတို့ ဘယ်တော့ တည့်ကြမှာလဲ။ မိန်းမသားတစ်ယောက်အတွက်နဲ့ ပြိုင်လုကြတယ်။ အခုစီးပွားရေးကြပြန်တော့လဲ လောဘတွေ ပြိုင်ဆိုင်စိတ်တွေ အတောမသတ်နိုင်ကြဘူး။ အဘွားသာ ရှိခဲ့ရင် သူ့သားတွေ ဒီလိုဖစ်နေတာ ရင်ကျိုးလို့ဆုံးမှာမဟုတ်ဘူး....''

      ''မင်း ပိတ်ထား.....အဲ့ပါးစပ်ကို...လာဖြောင်းဖျမနေနဲ့ မင်းအမေနဲ့တူလို့ စိတ်ထားလာနူးညံ့နေတာ။ ''

      ''မေမေသေရတာလဲ ဖေဖေတို့ကြောင့်ပဲလေ... ''

     ''တော်စမ်း....jhon!!!''  ဟိန်းခနဲအော်သံနှင့်အတူ စားပွဲပေါ်မှ ပန်းကန်တွေအကုန် အောက်ရောက်ကာ ကြွေကွဲကုန်သည်။

     ''မင်းအကြောင်းစုံ မသိပဲ လျှောက်မပြောနဲ့။ အခု ငါပြောထားတဲ့ အလုပ်ရှိတယ်မှတ်လား သွားစရာရှိတာ သွား....''

      ကျစ်..... မင်းစက်လဲ ဘာမှမပြောတော့ပဲ ထွက်သွားတော့သည်။
~~~~~~~~~~~~~~

flash back>>>>

        ''အင်း........''

      ''ဟုတ်ပီ....ရတော့မယ်...အားတင်းထား...''

     ''အင်း....အား....''   ''အူဝဲ.... အူဝဲ....'' အားကုန်ညှစ်လိုက်သည့်အဆုံးမှာ ကလေးနှစ်ယောက်ရဲ့အသံက ထွက်ပေါ်လို့လာသည်။ မီးဖွားဆရာဝန်မလေးက ထိုကလေးတို့ကို ချီလာကာ မိခင်အား အရင်ပြသည်။

      ''ထင်တဲ့အတိုင်း အမွှာလေးပါပဲ ယောကျာ်းလေးနှစ်ယောက်။ ''
~~~~

       ''အကြီးကိုက Owan, အငယ်ကောင်ကိုက oemenလို့ ပေးကြမယ်...။ ဘယ်လိုလဲ ဟန်နီ. ''

      ''အင်း ကောင်းပါတယ်....။''

At age 6,

          ကျွန်တော်တို့နှစ်ယောက်လုံးက ရုပ်ချင်းဆင်သည်။ ရုတ်တရက်ကြည့်မိလိုက်ရင်တော့ လုံးဝ ချွတ်စွတ်ပဲပေါ့ ။ တကယ်တော့ ပုံမှန်အားဖြင့် တူနေပေမဲ့ မတူတဲ့တစ်ချက်ကတော့ မျက်လုံးအရောင်ပင်။ သူ့မျက်လုံးအရောင်လေးတွေက နူးညံ့ပီးလှပသည်။ ကျွန်တော်ကတော့ monsterလို့ သူငယ်ချင်းတွေက ခေါ်ကြသည်။ မျက်လုံးက အနီရောင်ဖြစ်နေလို့။ နောက်မတူတာကတော့ အကိုowanက မိမိထက် အရာရာမှာ ပိုတော်နေသည်။

The love on you💜Where stories live. Discover now