Untitled <Final>

636 28 2
                                    


အပိုင်း (၄)
ဇာတ်သိမ်းပိုင်း

ခြူး နိုးလာတော့ ဘေးဘီဝဲယာမှာ
သူ့အတွက်ရှိနေပေးတဲ့အမျိုးသမီးလေးရယ်...
သူချစ်ရတဲ့ အမျိုးသမီးလေးရယ် ပင်ပန်းလွန်း၍ထင်
အိပ်ပျော်နေလေရက်...။

ခြူးလက်ကို သာသာလေးဖွရင်း သဲနွယ်ရဲ့ မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုဆီကိုလိုက်ထိမိသည်...
နွယ်က လှသည်...ဆွဲဆောင်မှုအပြည့်အဝရှိသည်
ခြူး ဘာကြောင့်များ ဒီအမျိုးသမီးကိုစောစောမမြင်ခဲ့မိလည်း မသိပါဘူးလေ...။
စောစောများရွေးခဲ့မိရင် သူတို့နှစ်ယောက်က သာယာတဲ့ဘဝတစ်ခုကို အခုအချိန်မှာဖြတ်သန်းနေရမှာ...။

ရုတ်တရက်ပွင့်လာတဲ့ အကြည့်တစ်ချက်ကြောင့်
ခြူး ရင်တွေ ဗရမ်းဗတာဖြစ်သွားရသည်...။
'သူ သူ ဘာတွေဖြစ်ကုန်တာလဲ...'

"မောင်..."
ဟု တိုးဖွဖွ ခေါ်ရင်း ထိုအမျိုးသမီးကငိုတယ်...

ခြူးရင်ထဲ နင့်ထွက်သွားတာ ဘယ်လိုပြောရမလဲ...
ချစ်နေသလိုခံစားချက်မျိုး...။

အနေနီးလို့တွယ်တာသွားတာလား...
သနားလို့ တွယ်ငြိမိသွားတာလား...
အားဖြစ်စေလို့ ကျေးဇူးတင်မိသွားတာလား...

'ဟင့်အင်း ခြူး မကောင်းတဲ့လူမဖြစ်ချင်ဘူး...'

ဘေးနားက ငိုသံသဲ့သဲ့ကြောင့် နန်း နိုးလာမိသည်...
နန်းရဲ့ခြူးက ထိုအမျိုးသမီးရဲ့ ပါးကို လက်တစ်ဖက်ဖြင့်အုပ်ကိုင်ရင်း မျက်ရည်သုတ်ပေးနေတာတဲ့လေ...။

သဝန်တိုတယ်...ခြူးဟာ နန်းရဲ့လူဘဲဖြစ်စေချင်ခဲ့တာ
ခြူးဟာ နန်းအပိုင်ပါ...
ခြူးကိုယ်တိုင်ပြောထားခဲ့တာဘဲမလား...။

"ဒါ ဘာလုပ်နေတာလဲ..."
နာကျင်နေတဲ့ နှလုံးသားကြောင့် အသံက ခပ်ကျယ်ကျယ်ထွက်သွားပုံရသည်...

ခြူးက ရုတ်တရက်လှည့်ကြည့်ပြီး...
" မျက်ရည်သုတ်ပေးနေတာ နန်း...
ကိုယ့်ကြောင့် အမြဲကျခဲ့ရတဲ့ မျက်ရည်တွေကိုသုတ်ပေးနေတာလေ ... "
" အမြဲတမ်းကိုယ့်ကြောင့် ကျခဲ့မျက်ရည်တွေကို အားနာလှပြီ "
" ကိုယ် နန်းလို နွယ့်အပေါ်မရက်စက်ရက်တော့ဘူး "တဲ့လေ...။

ဒါ ဘာကိုပြောတာလဲ...နန်းဆီက ထွက်သွားဖို့ စဉ်းစားနေတာလား ။

-Untitled-Where stories live. Discover now