- "ဟဲ့အဝေ နင့်ကိုကိုကချောလိုက်တာနော်... "
စိန်ပန်းပင်ကြီးအောက်ကွတ်ပျစ်ပေါ်တွင်ပန်းတွေသီပြီးပြောလာတယ့်မိချော.. ကိုကိုရဲ့23နှစ်ပြည့်မွေးနေ့အတွက်အဝေရဲ့ရွာလေးမှာအလှူလာလုပ်ချင်တယ်ဆိုလို့ရွာသို့ရောက်လာခဲ့ခြင်းဖြစ်သည်.. အဝေအပါအ၀င်ကိုကိုတို့သယ်ချင်းနှစ်ယောက်ဘဲအရင်လာခဲ့လိုက်တယ်.. ပြီးမှအကိုတို့ကလိုက်လာမှာ. ရွာရောက်တာဘဲသိပ်မကြာသေးဘူးမိချောမတို့ကစပြီ. ကိုကိုတို့ကရွာသားတွေနဲ့လိုအပ်တာတွေသွားလုပ်နေတယ်.. ဒီလိုကျတော့လည်းကိုကိုကချစ်ဖို့ကောင်းသားဘဲ..
-" ဟဲ့ အဝေ နင်ကိုငါပြောနေတာကိုဘာတွေတွေးနေတာလဲ"
-" ဘာမှမတွေးပါဘူးးနင်ကလည်း.. ပြီးတော့ငါကိုကိုချောတာငါသိပါတယ်. "
-" အမယ်လေးးအေ ဖြစ်နေလိုက်တာ.. အမြင်ကတ်ဖို့ကောင်း.. ဒါနဲ့နင်နဲ့သူတူတူနေပြီပေါ့."
-" အမ်..... ဘာ..ကို.. ပြော.တာ..လဲ.."
-" အမယ်လေးး ကျယ်မပြောတာက နင့်ယောက်ခထီးဆီမနေဘဲခွဲနေလားပြောတာပါအေ.. အဝေတို့များနော်.."
-" မ..ဟုတ်ပါ...ဘူးး မိချောမကလည်းး. ငါဘာမှမတွေးပါဘူး.. ကဲပါထားပါ.. နင်ကမတွေ့တာကြာလို့မဲသထက်မဲလာပါ့လား ငါပို့ပေးထားတယ့်skin care ဟာတွေမလိမ်းဘူးလား"
-" လိမ်းပါတယ်ဟ.. ဒါမဲ့လည်းနင်သိတယ့်အတိုင်းငါကရွာသူလေ.. ဘယ်လောက်စကင်ကဲကဲအချိန်တန်ရင်.. နေပူထဲအလုပ်လုပ်ရတာဘဲလေ.."
-" နင်ငါတို့ပြန်ရင်လိုက်ခဲ့မလား.. ဟိုမှာအလုပ်တူတူလုပ်ကြမယ်လေ.."
-" တော်ပါအေ.. ငါရွာလေးမှာဘဲငါအတည်ကျနေပါပြီ.. ဒီရွာလေးမှာနင်မရှိပေမဲ့ငါရှိမှဖြစ်မှာဟ.. ရွာအလုပ်ကလည်းငါတို့အတွက်အဆင်ပြေတာဘဲ.."မိချောပြောလိုက်တော့သိသိသာသာကြီးမျက်နှာညိုးသွားတယ့်အဝေ.. ဟိုမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့.. အဝေပြောပြလို့သိခဲ့ပေမဲ့.. မိချောနဲ့အဝေအရမ်းကြီးအလှမ်းဝေးကွာသွားသလိုခံစားမိတယ်.. ငယ်ငယ်တုန်းကမိချောတို့တူတူထားခဲ့ကြတယ်ရွာမှာသေအတူရှင်မကွာဆိုတယ့်ကတိစကားကိုသူမေ့လောက်ပါပြီထင်ပါရဲ့.. ထားပါလေ. အခုလည်းသူတကယ်ပျော်နေပြီလို့မိချောထင်ပါတယ်..
YOU ARE READING
အဝေရဲ့သူ [Completed]
Romanceဘုန်းရှိန်ထက် (seme)---ငါမင်းကိုမချစ်ဘူးအဝေငါရဲ့ဂရုစိုက်မှုတွေကမင်းအတွက်အရောင်ဆိုးမိသလိုဖြစ်သွားခဲ့တာဘဲငါချစ်တာအမရာကိုဘဲဟုတယ်ငါချစ်တာသူမဘဲဒီလိုတွေသာဖြစ်ခဲ့မယ်ဆိုမင်းနဲ့စပြီးတွေ့ဆုံမိတဲ့အချိန်ကိုငါမပျော်ခဲ့မိသင့်ဘူးး။ ငါတို့တွေ့ဆုံမှုကမှားကိုမှားခဲ...