From Sunset to Moonlit

904 75 0
                                    

" ဟာ... Hoonie Hyung နောက်ကျနေပြန်ပြီလား "

ဂင်ဆောနူတစ်ယောက် သူ့ဖုန်းထဲက " My precious moon " ဆိုပြီးမှတ်ထားတဲ့လူတစ်ယောက်ကိုစာပို့နေခဲ့တယ်။

" ခဏလေးပါ Sunoo ရယ် မင်းမယုံရင်ငါလာနေတဲ့လမ်းလျှောက်လုံး video call ခေါ်ထားမလားပြော "

ပတ်ဆောင်းဟွန်းအသံခပ်မာမာကြောင့် ဂင်ဆောနူထိတ်လန့်သွားပြီးမှိုင်တိုင်တိုင်ဖြစ်နေခဲ့တယ်။

" ရပါတယ် Hyung သာကိုယ့်ကိုကိုယ်ဂရုစိုက် "

" ပြီးရော စိတ်မပူနေနဲ့ Hyung လာနေပါပြီ "

ဂင်ဆောနူခမျာတစ်ယောက်စောင့်နေရတာကြာလာတော့ ငြီးငွေ့လာတယ်..။

" အာ.. ဒီအစ်ကိုသိပ်ကြာတာပဲ ကတောက်ကွာ "

" စောင့်နေတာကြာသွားလား အစ်ကိုပဲတောင်းပန်ပါတယ် ကားပိတ်နေလို့ "

" မလိုပါဘူး ရောက်လာတာတင်ဆောနူကျေနပ်နေပြီ "
" သိလား Hyung နောက်ကျလို့ ကျွန်တော်စိတ်ကောက်တော့မလို့ပဲ "

" ကောက်ပေါ့ Hyung ကရအောင်ချော့မှာလေ "

" ဟွန့် တော်စမ်းပါ အပိုတွေ "

" ဂင်ဆောနူဆိုတဲ့လူနဲ့ နေဝင်ချိန်ကနေလထွက်တဲ့ထိတူတူရှိနေဖို့ပြောထားတာလေ "
" ဒီလောက်ကောင်းတဲ့အခွင့်အရေးကိုလက်လွတ်ခဲ့ရင် ပတ်ဆောင်းဟွန်းရက်စက်ရာကျတာပေါ့ "

" ကယ် ဟုတ်ပါပြီ အရှုံပေးပါတယ် ဒီကဂင်ဆောနူရဲ့နှလုံးသားကိုခြွေတဲ့နေရာမှာတော့ ပတ်ဆောင်းဟွန်း နံပါတ်တစ်ပါပဲ "

" ဟဲဟဲ "

နှစ်ယောက်သားရှုခင်းကြည်ဖို့ နမ်ဆမ်တာဝါအပေါ်ဆုံးထပ်ကိုရောက်ရှိနေပြီဖြစ်တယ်။ အပေါ်ရောက်တဲ့အချိန်ညမိုးချုပ်နေပြီ။ လွတ်တဲ့ခုံတန်းတစ်နေရာမှာဝင်တိုင်လိုက်တယ်။

" Hoonie Hyung.."

" ဘာလဲ ဆောနူ "

" ဆောနူအခုမျက်စိရှေ့မှာရှုခင်းနှစ်ခုကိုကြည့်နေရတာ သိပ်လှတာပဲ "

" ရှုခင်းကတစ်ခုထဲပါ အရှေ့မှလထွက်နေတာလေ "

" မဟုတ်ဘူး Hyung "

" ဟင် "

" လကလဲလပေါ့ ဆောနူဘေးနားကပတ်ဆောင်းဟွန်းဆိုတာလဲကျွန်တော့်အတွက်ရှုခင်းပဲလေ "

" ဟာ.. ဂင်ဆောနူတော့လုပ်ပြီ "

" ငါ့မှာလဲမင်းကိုချစ်လိုက်ရတာဆိုတာ..နေရောင်တွေလိုစူးခနဲပဲ "

[ ☀️🤍❄️ ]
- 𝙣𝙖𝙮𝙮𝙘𝙝𝙝𝙞

You've reached the end of published parts.

⏰ Last updated: Sep 12, 2021 ⏰

Add this story to your Library to get notified about new parts!

𝘼𝙖𝙧𝙪𝙨𝙝 & 𝙎𝙚𝙡𝙚𝙣𝙚 // 🌗 [ One shot ] Where stories live. Discover now