Ch 3

6.9K 481 11
                                    

  'ဝါး သခင်ကြီးကိုဆူချလိုက်ပုံကမိမိုက်...'

ဘေးမှအမြီးလုံးလုံးလေး တစ်ဆတ်ဆတ်ခါရင်းပြောနေသော ဟမ်းဟမ်းအား

   'ဒီလိုပဲပေါ့...ငါfinal bossကိုဒီလောက်ဖားထားမှ ငါလေးအတွက်အဆင်ပြေမှာပေါ့ ဒီပေါင်လုံးကြီးကို အသေရရ အရှင်ရရ ဖက်ထားရမယ်...အဟင့်...ငိုသံနဲနဲပါတယ်...'

ထို့နောက် သူ့ခါးမှကလေးငယ်ကို သူမ၏မွေ့ယာပေါ်သို့တင်လိုက်သည်။သူမ၏မွေ့ရာသည် ကြက်သွေးရောင်ဖြစ်ကာ နူးညံ့အိစက်နေပြီး တိမ်တွေပေါ်တွင်လဲလျောင်းနေရသလိုခံစားချက်ကိုဖြစ်စေလေသည်။ထို့နောက်သူမသည် နောက်မှပါလာသောအစေခံများကို

    "ဒီကလေးလေးမနိုးမချင်း ကျွန်မဒီအခန်းထဲမှာပဲနေဦးမယ် ရှင်တို့သွားလို့ရပြီ...ပြီးတော့ ကျွန်မခွင့်ပြုချက်မရပဲ ဒီအခန်းထဲဝင်မလာနဲ့..."

သူမ၏တစ်ချက်လွှတ်အမိန့်ကြောင့် အိမ်စေကောင်မလေးများမှာ အခန်းအပြင်သို့သုတ်သုတ် ထွက်သွားလေသည်။သူတို့မရှိကာမှ ရေးလဲ ကုတင်ပေါ်တွင်ထိုင်နေသောဖြူဖျော့ဖျော့ကောင်လေးကိုထိုင်ငေးနေမိသည်။ထိုကောင်လေးထံမှလဲ ဆိုဒါအအေးနံ့သင်းသင်းလေးရနေသလိုလိုပင်။ကြည့်ရတာ ထိုကောင်လေး၏pheromoneအနံ့ပင်ဖြစ်လိမ့်မည်ထင်သည်။

Final boss၏ငယ်ဘ၀မှာလဲသနားစရာပင်။သခင်ကြီးသည် ဒုတိယဇနီးကို တခမ်းတနားလက်ထပ်ယူကာ ကလေးမွေးဖွားခဲ့သော်လဲ ဒုတိယဇနီး သည် မီးတွင်းထဲတွင်သေဆုံးသွားသလို ကျန်ရစ်ခဲ့သူကလေးကိုလဲ ထိုဆေးရုံမှသားရူးရူးနေသော စိတ်ရောဂါသည်တစ်ယောက်မှခိုးယူထွက်ပြေးသွားလေသည်။ထိုစိတ်ရောဂါသည်မိန်းမကြီးသည် ကလေးကိုသေချာစောင့်ရှောက်ပေးသော်လဲ စိတ်မထင်ရင်မထင်သလိုရိုက်နှက်တတ်သေးသည်။

ကလေး၆နှစ်သားအရွယ်တွင် ထိုမိန်းမကြီးသည် ဘယ်အရက်သမားကသတ်လို့သတ်သွားမှန်းမသိပဲ လမ်းဘေးတွင်သေဆုံးနေခဲ့သည်။ထို့ကြောင့် ကလေးကို အနားရှိမိဘမဲ့ဂေဟာမှ မွေးစားခဲ့လေသည်။ထိုမိဘမဲ့ဂေဟာသည် နွေးထွေးသော်လဲ ကလေးလေးသည် အကြီးများထံမှ မကြာခဏဆိုသလိုအနိုင်ကျင့်ခံ လေသည်။

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Where stories live. Discover now