Unicode
အိမ်ပြန်ရောက်သည်နှင့် မင်းမာန် အိပ်ယာပေါ်ပစ်လှဲချလိုက်သည်။ ပင်ပန်းနေသည်ကြောင့်မျက်လုံးများမှိတ်ချမိတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်မှာအချိန်အတော်ပင်ကြာသွား၏ ပြန်နိုးလာချိန်သည် ည ၇ နာရီပင်ရှိနေပေပြီ။ ရေချိုးခန်း၀င်ရေမိုးချိုးကာ ထွက်လာတော့ နေ့လည်ကတွေ့ခဲ့သည့်ပြောင်းဖူးမွှေးရောင်ဆံပင်နှင့်ကောင်လေးကိုတော့တစ်ချက်သတိရမိ၏ အခုချိန်ဆိုအိမ်ပြန်ရောက်လောက်ပြီထင်သည်။ Galaxy လုပ်ငန်းစုက သူတို့သားငယ်ကိုတော့ပစ်ထားလောက်မည်မဟုတ်။ ကိုယ်နှင့်မဆိုင်သည့် ကိစ္စဖြစ်သည်ကြောင့်မင်းမာန်သိပ်မစဥ်းစားချင်တော့။ မှန်ရှေ့ရပ်ကာ ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်သည့်အခါ ညိုမဲစွဲနေသည့် ဒဏ်ရာ ၃ ခုလောက်တော့ရှိ၏ မမှီမကမ်း ဒဏ်ရာတို့ကိုဆေးလိမ်းကာ အ၀တ်အစား၀တ်ပြီး အလုပ်လုပ်ဖို့စားပွဲတွင်ထိုင်လိုက်သည်။ ညစာ စားချင်စိတ်မရှိသေးသည်ကြောင့်မစားဖြစ်။
ပဲခူး အ၀င်တွင်အသစ်ဖွင့်မည့် အိမ်ယာစီမံကိန်းတည်ဆောက်သည့် project တစ်ခုကို site engineer အဖြစ် မင်းမာန်တာ၀န်ယူဖို့ တစ်ချက်လွှတ်အမိန့်ထုတ်ထားသည့်ဆရာကြောင့် ထိုဘက်ကိုပိုအာရုံစိုက်နေရသည်။ မင်းမာန် ဘ၀အတွက်တိုးတက်စေနိုင်မည့် လမ်းကြောင်းမှန်သမျှကို တွန်းတင်ပေးသည့် ဆရာ့ကိုစိတ်မပျက်စေလို။ ထို့ကြောင့်ပထမဆုံးတာ၀န်ယူရသည့် project ကိုအကောင်းဆုံးဖြစ်စေဖို့အလုပ်ထဲခေါင်းနှစ်ရတော့သည်။
အချိန်မည်မျှကြာသွားသည်မသိ ကြားရသည့်ဆူဆူညံညံအသံများကြောင့် အလုပ်လုပ်နေရာမှ မင်းမာန်နားစွင့်မိသည်။ အဆက်မပြတ်ဟောင်နေသည့် ခွေးဟောင်သံများက အုပ်လိုက်ပင်။ လမ်းထဲ လူစိမ်း၀င်လာပုံပင်။ နံရံမှ နာရီကိုလှမ်းကြည့်မိတော့ ည ၉ နာရီပင်ခွဲနေပြီဖြစ်သည်။ အဆက်မပြတ်ထိုးဟောင်သံများ က မရပ်သွားသည်ကြောင့် မျက်မှောင်ကျုံ့ကာ ၀ရန်တာထွက်ခဲ့လိုက်သည်။ အောက်ငုံ့ကြည့်မိတော့ မြင်ရသည့်မြင်ကွင်းကြောင့်မျက်လုံးများပင်ပြူးကျယ်ရ၏ မင်းမာန်ရပ်ထားခဲ့သည့် ciaz ကားခေါင်မိုးပေါ်တက်ရပ်ကာအော်ဟစ်ရန်တွေ့နေသည့် ပြောင်းဖူးမွှေးရောင်ဆံပင်နှင့်ကောင်လေး....... ကားပတ်ပတ်လည် အဖွဲ့လိုက်ထိုးဟောင်နေကြသည့် လမ်းထဲ လူစိမ်းအ၀င်မခံသည့် ကင်းစောင့်နေကျ ခွေးတစ်အုပ်.......ဟိုအိမ် ဒီအိမ်မှ ၀ရန်တာမီးဖွင့်ထွက်ကြည့်နေကြသူများ။ တော်ဖီ ဆိုလား တော်မီဆိုလား မသိသည့် ကောင်လေးသည် မင်းမာန်ကားခေါင်မိုးပေါ်ဘယ်လိုရောက်နေမှန်းမသိ။ အခုတော့လမ်းထဲ ပွဲတော်ကဲ့သို့အတော်ပင်စည်ကားနေလေပြီ။
YOU ARE READING
သက်ဆိုင်သူ (Unicode+Zawgyi)
General Fictionpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။