Jimin နေပျောက်ပိစိလေးမျက်နှာလာထိုးတော့ အကျင့်ပါနေတဲ့မျက်လုံးတွေက ပွင့်လာသည် ။ ဒီနေ့လဲထုံးစံအတိုင်းယောင်းကိုလိုက်ရှာမိပြန်ပီ...တကယ်တမ်းရောက်နေတာကတော့ လူဆိုးကောင်ရဲ့ရင်ခွင်ထဲမှာ....ညက တစ်ညလုံးနမ်းရှုံ့ထားတာလဲ တစ်ကိုယ်လုံးမှာ နံနေပီမို့ ရေထချိုးရန် ဖက်ထားသည့်လက်ကို ဖယ်လိုက်တော့ မျက်လုံးပွင့်လာတာမို့ အမြန်ပြေးဆင်းခဲ့ပေမယ့် Jungkook ကသူ့ထက်ပိုလျှင်သည် ။ ကုတင်ပေါ်ပြန်ဆွဲချပီး အပေါ်ကတဖန် ပြန်လည်အုပ်မိုးလိုက်ပီး နှာခေါင်းထိပ်ချင်း ထိခတ်ကျီစယ်နေပြန်သည် ။
" ဒါကဘယ်ကိုပြေးတာလဲ....နိုးနေရင်လဲ ကိုကို့နှာဖူးလေးတော့နမ်းပီး ထမှပေါ့....ကိုကိုကအကျင့်လုပ်ပေးနေရမှာလားကလေးလေး....ညကျရင် အစအဆုံးသင်ပေးဖို့ဆုံးဖြတ်လိုက်ပီ....ကိုကိုနမ်းရုံ ထိရုံနဲ့အားမရတော့ဘူးကွ..."
ဟုတ်ပါသည် ။ Jungkook ဒီသေးသေးလေးကို နမ်းရင်းနဲ့တောင် နမ်းမဝသလို ထိတွေ့ခွင့်ရခဲ့လဲ အချိန်တိုင်းထိချင်နေပြန်သည် ။ ဒီခန္ဓာကိုယ်လေးကို အချစ်တွေနဲ့ မချည်နှောင်နိုင်သေးလဲ လူပိန်းအတွေးအရ ရမ္မက်တွေနဲ့ချည်နှောင်မှသာ သူ့လက်ထဲက ထွက်မပြေးနိုင်မှာ...ဒါကြောင့် တစ်ရစ်ပီးတစ်ရစ် မြဲမြဲချည်ရပေအုံးမည် ။
" ညက တစ်ညလုံးနမ်းထားကြတာလေ မလုံလောက်သေးဘူးလား...."
" အခုနေ့သစ်စပီလေ ကလေးရဲ့...."
အိအိဖောင်းဖောင်း ပါးလေးထဲကို နှာခေါင်းတစ်ခုလုံး နစ်ဝင်နေအောင် ဖိကပ်နမ်းလိုက်တော့ အသံသေးသေးလေးက ထွက်လာသေးသည်
" ငါမျက်နှာမသစ်ရသေးဘူး...မရွံဘူးလား..."
" ရွံစရာလား ချစ်စရာလေးကိုကွာ..."
" ဒေါက်..ဒေါက်..ဒေါက်...ဆရာ ခေါင်းဆောင်ရောက်နေပါတယ်..."
" ဟား....စိတ်ရှုပ်လိုက်တာကွာ....ကလေး ကိုကိုခဏဆင်းရအုံးမယ်...ကလေးလေးက အခန်းထဲက ထွက်မလာနဲ့အုံးနော်...အောက်မှာ ကြောက်စရာလူဆိုးကြီးရောက်နေတယ်...လုံးဝမထွက်ခဲ့နဲ့နော်..."
" အနားမရှိလေ ကောင်းလေပဲ...မြန်မြန်ကြွ..."
Jungkook ကြွေရုပ်လေးရဲ့ ထော်လန်နေတဲ့နှုတ်ခမ်းလေးကို တစ်ချက်ဆွဲစုပ်နမ်းလိုက်တော့ အထုအထောင်းက ခံရပြန်သေးသည် ။ လေ့ကျင့်သားဝနေတဲ့ ခန္ဓာကိုယ်မို့သာတော်တော့သည် ။ လူသာသေးတာ လက်သံပြောင်တာကတော့ ငယ်ငယ်ကအတိုင်း လျော့မသွား....
YOU ARE READING
✨ Butterfly Fly Away ✨
Kurzgeschichtenချစ်တိုင်းလဲ မညားဆိုတာ ရာဇဝင်တွေထဲက ယုံတမ်းပုံပြင်ငယ်လို့ ထင်ခဲ့ဖူးတယ်