အနှီးကောင်လေးသည် ကျွန်တော့်ညီမနှင့် မိဘချင်း
သဘောတူထားသည့် ကောင်လေးပင် ။အနက်ရောင်
ဂျာကင်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး အ
နည်းငယ် ဖွလန်နေသည် ဆံပင်တွေဖြင့် ထိုကောင်
လေးသည် ကျွန်တော့်အထင် ညီမလေးထက် တစ်
နှစ်ကြီးလျှင် ကျွန်တော့်ထက် သုံးနှစ်ငယ်လိမ့်မည် ။
ညီမလေး ဖေးဖေးနှင့် မိဘချင်း သဘောတူထားကြ
ပြီး ဒီကနေ့မှ ကာယကံရှင်တွေသည် တွေ့ကြဖို့ အ
တွက် အန်တီကြီးချူးသည် သူမ၏သားကို လက်က
ဆွဲလို့ အပါခေါ်ကာ ကျွန်တော့်အိမ်သို့ ရောက်ရှိလာ
ခြင်းဖြစ်သည် ။ ကျွန်တော်သည်လဲ အကိုတစ်
ယောက်ပီပီ ညီမငယ်နှင့် လက်ထပ်မည့် သတို့သား
လောင်းလျာအား ထွက်ကြည့်လို့ အကဲခတ်မိသည် ။" သူလေးက သားရဲ့ ဇနီးလေးပဲ "
အန်တီကြီးချူးသည် အလွန်တရာမှ ကျွန်တော့်ညီမ
ငယ်ကလေးအား ချစ်ခင်သူမို့ အတော်လေး ဝမ်းသာ
နေသည်က မျက်နှာတခုလုံး အပြုံးပန်းဆင်ထား၏ ။
သူမ၏ သားငယ်သည် ဂျာကင်အိတ်ကပ်ထဲ လက်
နှစ်ဖက်ကို ထိုးထည့်ထားလျှက်သားနှင့် လျှောက်လာ
ပါတော့သည် ။" တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော့်ဇနီးလေး "
ချီး ။ အနှီးကောင်လေးကြောင့် အိမ်ရှိလူကုန် ကျွန်
တော်အပါအဝင် အတော်လေး ကြောင်အမ်းကုန်ကြ
ပါတော့သည် ။ ဖြစ်စဉ်သည် ထိုသတို့သားလောင်း
လျာသည် ကျွန်တော့်ရှေ့ မတ်တပ်လာရပ်လို့ လက်
တဖက်ကိုကမ်းလင့်ကာ တောက်ပနေတဲ့ အပြုံးတွေ
ဖြင့် ဝမ်းသာအားရ ကျွန်တော့်အား ကြည့်ကာ နူတ်
ဆက်လိုက်ခြင်း ဖြစ်ပါတော့သည် ။" အမ် မဟုတ်ဘူးလေ ။ငါက မင်းဇနီးမဟုတ်ဘူး ။"
ယွီလန်သည် ကြောက်လန့်တကြီး လက်တွေ ခါရမ်း
ကာ ငြင်းဆန်လိုက်အပြီး ကြုံ့သွားသည့် မျက်ခုံး
တွေဖြင့် ထိုသတို့သားလောင်းလျာသည် မျက်နှာ
ပျက်ယွင်းသွားပါတော့သည် ။ ခိခနဲ ရယ်သံသည်
မိမိ၏ နောက်ကျောဘက်တွင် မတ်တပ်ရပ်နေသည့်
ညီမငယ်ဖေးဖေးဆီက ထွက်ပေါ်လာခြင်းကြောင့်
ယွီလန်သည် နားရွက်တွေ နီဆွေးသွားတော့သည် ။" အယ် ! သားငယ် သား လူမှားနေတယ်လေ ။
Aiyo မားမား လက်ညိုးထိုးပြတာက အနောက်က
ဖေးဖေးလေးကိုပါကွယ်။ ဒေါ်ဒေါ် တောင်းပန်ပါတယ်
ယွီလန်ရယ် ။ သားငယ် "
YOU ARE READING
ကျွန်တော့်ဇနီး လုပ်မလား! ? [ One Short ]
Romanceကျွန်တော့်ဇနီး လုပ်မလား! ? ထမင်းလဲ ကျွန်တော်ပဲ ချက်မယ် ။ အဝတ်လဲ ကျွန်တော်ပဲ လျှော်မယ် ။ ပိုက်ဆံလဲ ကျွန်တော်ပဲရှာမယ်။