10

340 17 16
                                    

အနေဝေးလို့ သွေးအေးတယ် ဆိုတဲစကားကို အလက်ာမုန်းပါသည်။ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အဏ္ဏဝါ့ ကိုတွေ့ချင်သည့်အချိန်တိုင်း စက်ဘီးလေးထုတ်လို့သွားတွေ့နေကျ။ ဒါပေမယ့် အဏ္ဏဝါ က တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ယောက်ဖြစ်လာပြီမို့ အလက်ာ့ဘက်က အတတ်နိုင်ဆုံးဆင်ခြင်ပေးရှာသည်။

ရည်မှန်းချက်ကြီးတဲ့ အဏ္ဏဝါ ကစာနဲ့ပတ်သက်ရင်လောဘက ခပ်ကြီးကြီးရယ်။ နဝမတန်းဖြေပြီးကတည်းက ဆယ်တန်းအတွက်ကြိုတင်ပြီး ကျူရှင်တက်လို့ စာကိုလစ်ဟင်းမှုမရှိအောင်ကြိုးစားရှာသည်။ ညဘက်ဆိုလည်း တော်တော်နဲ့မအိပ်လို့ အရင်ကပြည့်ပြည့်ဖောင်းဖောင်းမျက်ဝန်းလေးက အနည်းငယ်ချောင်ကျသွား​လေ သည်။

အလက်ာ အဏ္ဏဝါ့ အိမ်ရောက်သွားတဲ့အချိန်တိုင်း အဏ္ဏဝါ ကအမြဲတစေ စာလုပ်နေတာကိုပဲတွေ့ရသည်။ အဏ္ဏဝါ တို့အိမ်က ပျဥ်ထောင်အိမ်လေးဖြစ်ပြီး သားအမိနှစ်ယောက်တည်းနေတဲ့အိမ်မို့ သပ်သပ်ရပ်ရပ်လေးရှိလှသည်။ အဏ္ဏဝါ့ အခန်းထောင့်ကပြတင်းပေါက်လေးနားတွင် စာရေးစားပွဲခုံကိုသေချာထားလို့ စာအုပ်တွေကစီစီရီရီ။

"အစ်ကို စာကိုအဲ့လောက်ထိလုပ်နေရင် အစ်ကို့ကျန်းမာရေးထိခိုက်လိမ့်မယ်နော် "

အလက်ာ့ရဲ့ စိုးရိမ်သံလေးကြောင့် အဏ္ဏဝါလက်ထဲက ဘောပင်လေးကိုချထားလိုက်၏။ အဏ္ဏဝါ့စာရေးစားပွဲပေါ်မေးထောက်လို့ ငေးနေတဲ့ အလက်ာ့နှာဖျားလေးကိုလက်နဲ့ဆွဲညှစ်လိုက်တော့ အဏ္ဏဝါ့လက်ကိုဆုပ်ကိုင်လာပါသောသူ။

"အစ်ကို ကျွန်တော်ပြောတာလည်းအဖတ်လုပ်အုံး။ ကလေးကလေးဆိုပြီး ကျွန်တော်ပြောတာကိုအလေးအနက်မထားဘဲမနေနဲ့။ အစ်ကို တစ်ခုခုဖြစ်ရင် ရင်ကျိုးရမှာလဲ ဒီကလေးပဲ "

"ငါ့မိသားစုကမင်းမြင်တဲ့အတိုင်းပဲ ဗိုက်ပူရေ ၊ ဒီနှစ်မရရင်နောက်နှစ်ဆိုတဲ့အခြေအနေမရှိဘူးဟ။ ငါ့မေမေကိုသနားတယ်။ ငါသာဆယ်တန်းအောင်ပြီး ဘွဲ့လေးတစ်ဘွဲ့လောက်တူတူတန်တန်ရထားရင် မေမေကပင်ပန်းစရာမလိုတော့ဘူး။ ငါပင်ပန်းရလည်းတစ်နှစ်ပေါ့ကွ။ ငါလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်။ ဟုတ်ပြီလား။ ဒါကြောင့်ရင်တော့မကျိုးလိုက်ပါနဲ့"

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Sep 13, 2021 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

မောင့်ကိုမှ ချစ်မိနေပါတယ် <<ေမာင့္ကိုမွ ချစ်မိနေပါတယ်>>Tempat cerita menjadi hidup. Temukan sekarang