Unicodeခုဆို ရိပေါ် ကိုကို့ကို စောင့်နေတာ တော်တော် ကြာသွားပြီမို့ လက်မှာပတ်ထားတဲ့ နာရီကို ငုံ့ကြည့်လိုက်တော့ ၆နာရီတောင်ခွဲနေပြီ ဒါပေမဲ့ ခုထိကိုကိုကမလာသေးဘူး။ ကိုကိုသူ့ကို ကြိုပို့နေကြမို့ မားမားကလဲ လာရှာမှာမဟုတ်ဘူး။ သူမားမားကို ဖုန်းခေါ်ရန် ဖုန်းကိုထုတ်ကြည့်လိုက်ပေမဲ့ အားကုန်ကာ ပါဝါတောင်ပိတ်ကျနေပြီဖြစ်တဲ့ဖုန်းလေးကြောင့် ရိပေါ် လက်လျော့ကာ သူဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်လိုက်သည်။
ခါတိုင်းလိုဆို မကြောက်ပေမဲ့ ဒီရက်ကျ ကျောင်းစောင့်လဲမရှိ လမ်းမှာ လူသွားလူလာလဲ သိပ်မရှိတော့တဲ့အချိန်ဖြစ်နေပြီ ပတ်၀န်းကျင်ကလဲမှောင်စတောင်ပြုနေပြီ မို့ အမှောင်ကြောက်တဲ့သူက ကြောက်စိတ်အနည်းငယ်၀င်လာသည် ။
"ကိုကိုကလဲ ခုထိမလာသေးဘူး ပြန်ထားနှင့်ရမလား အီးးး အဲ့ဒါဆိုလဲ ကိုကိုလာလို့ ငါ့ကိုမတွေ့ရင် ဘယ်လိုလုပ်မလဲ"
ရိပေါ် သူတယောက်တည်း ပြန်ရမလား ဆက်စောင့်ရမလား ဝေခွဲမရ၍ ရေရွတ်နေမိသည်။ နောက်တော့ဆုံးဖြတ်ချက် သူ တခုကိုချလိုက်သည်။
"နောက်ထပ် ငါးမိနစ်ဘဲ အင်း ငါးမိနစ်ဘဲ စောင့်တော့မယ်"
သူ ဆုံးဖြတ်လိုက်ကာ ကိုကို့ကို စောင့်နေတုန်း သူ့အနားရောက်လာတဲ့ မင်ရှောင်းတို့ အုပ်စု။
" ဟိတ်ကောင် မင်းက စပွန်ဆာကြီး အားကိုးနဲ့ သိပ်လုံခြုံနေတယ်ပေါ့ ဟုတ်လား"
"အင့်"
အစမရှိ အဆုံးမရှိ ရန်စကားဆိုရင်း သူ့ကို ဆောင့်တွန်းလာတဲ့ မင်ရှောင်း။
ကျောင်းချိန်ဆို အရင်ကနဲ့ မတူဘဲ ဆရာ ဆရာမတွေတင်မက ကျောင်းအုပ်ကြီးကပါ သူ့ကို အရမ်းဂရုစိုက်ပေးကြပြီး ညနေကျောင်းဆင်းတာနဲ့ ကိုကိုလာကြိုပေးနေကြမို့ မင်ရှောင်းတို့နား သူ အနိုင်ကျင့်မခံရတာကြာပြီ။
" အဲ့ဘဲကြီးက မင်းလို ကျပ်မပြည့်ကို ဘာကြည့်ကြိုက်တာလဲ ပြစမ်းပါအုံး "
"ဘာ ဘာတွေပြော ပြောနေတာလဲ"
သူ့မျက်နှာကို အကြမ်းပတမ်းဆွဲကာ ဟိုဖက် ဒီဖက်လှည့်နေလေတော့ နာကျင်လာတဲ့ သူ့မျက်နှာကြောင့် မျက်ရည်တွေကဝဲတက်လာသည်။
YOU ARE READING
Born To Love You 💞
Fanfictionနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...