Chapter (2)
မိတ်ဆက် : Kinky Boots
ချိုက်ချိုက်. . . ကိုယ်နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီဇာတ်ခုံပေါ်မှ တစ်စတစ်စ အသံတိုးလာခြင်းနှင့်အတူ ရှန်းချိုက်သည် မြေပြင်ပေါ်လက်တစ်ဖက်ထောက်ကာ ခါးကို လေထဲသို့ ပင့်မြှောက်လိုက်သည်။ သူ့ခြေထောက်များသည် လေထဲတွင် လှပသောပန်ကာဒလက်တစ်ခုကို ဖန်တီးလိုက်ပြီး အံ့မခန်းပင် တဖြည်းဖြည်းချင်း ရှေ့ဆုံးကိုလှည့်လာကာ တေးသရုပ်ဖော်၏ ပထမပိုင်းကို အဆုံးသတ်ပေးလိုက်သည်။
မြင့်မားသော လည်ရှည်ဘွတ်ဖိနပ်များနှင့် ရစ်ပတ်ထားသောခြေထောက်များသည် အမှန်တကယ်ရှည်လျားပြီး သွယ်လျသည်။ ရှန်းချိုက် လက်တစ်ဖက်ကို သူ၏ခါးပေါ်တွင်တင်ထားပြီး အခြားတစ်ဖက်ကိုတော့ သူ့ခေါင်းပေါ်သို့မြှောက်လိုက်၏။ စင်ပေါ်ရှိ မီးဆိုင်းအားလုံးသည် သူ့ကိုမီးမောင်းထိုးပြလိုက်ကာ ပရိတ်သတ်များ၏ အလုံးစုံသော အာရုံစိုက်မှုများကို ရရှိခဲ့သည်။
ရှန်းချိုက် လိမ်းချယ်ထားသော မိတ်ကပ်အပြင်အဆင်တွင် အနီရင့်ရောင်နှုတ်ခမ်းနီနှင့် ခရမ်းရောင်အိုင်းရှဲဒိုးတို့ ပါ၀င်သည်။ သူ့နဖူးတွင် ချွေးတစ်လွှာရှိနေကာ မိတ်ကပ်ဖောင်ဒေးရှင်းမှာ တဖြည်းဖြည်းပျက်ပြယ်နေသော်လည်း သူ့မျက်နှာပေါ်ရှိ လင်းလက်တောက်ပနေသောအပြုံးလေးကို မဖုံးကွယ်နိုင်ပေ။
လက်ခုပ်သံများသည်လည်း မိုးခြိမ်းသံကဲ့သို့ တသောသောညံနေ၏။
ပိတ်ကားကို ပိတ်ချလိုက်သည်နှင့် ရှန်းချိုက်၏မျက်နှာပေါ်မှ အပြုံးလေးသည် ချက်ချင်းပြိုလဲသွားတော့သည်။
"အက်စ် .. !" သူ့ခြေထောက်ကို ဖြည်းဖြည်းချင်းရွှေ့ကြည့်နေကာ ရဲရဲတင်းတင်း မလျှောက်ရဲပေ။ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း နာကျင်မှုကို အတိုင်းသား ခံစားနေရသည်။
ဤကဲ့သို့ နာကျင်မှုဝေဒနာကို မြင်ရသောအခါ ပြဇာတ်မှအခြားသရုပ်ဆောင်ဖြစ်သော စက်ရုံပိုင်ရှင်ဇာတ်ကောင်နေရာ၌ သရုပ်ဆောင်ခဲ့သည့်ကျောင်းသားလေးသည် အနားသို့ပြေးလာကာ လက်တစ်ဖက်ဖြင့် ဖေးမကူညီလိုက်၏။
BẠN ĐANG ĐỌC
Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)
Lãng mạnCāi Cāi Author- MòLǐ 莫里 English Translators - Closed Window Translation Burmese Translator - littlewillow01 Start Date - 11 September 2021 End Date - 12 November 2022 This is Myanmar Translation of Chinese Novel " Cāi Cāi ". This is just fan trans...