အလွမ်း နာရီပေါင်း ၈၇၆၀ နှင့် ရက်ပေါင်း ၃၆၅ ရက် 🌟

2.8K 239 23
                                    


stage တစ်ခုပေါ်မှ ကျနော်တို့ နှစ်ဦးကြားက အလွမ်းမိုးတွေဟာ ဘယ်အရပ်တစ်ခုတွင် သည်းသည်းမဲမဲ ရွာနေ
ကြမည်လဲ...??!!

ဒီနေ့ concert တစ်ခုမှာ ကျနော်တို့ အတူတူ သီချင်းတွေ
ဖျော်ဖြေကြရမှာပေါ့...

The Truth untold ဆိုတဲ့ ကျနော်တို့ရဲ့ သီချင်းလေး
တစ်ပုဒ်...အတူတူ သီဆိုနေကြရင်း ရင်ထဲမှာလဲ လွမ်း
နေမိတယ်....

ကျနော်တို့ကြား မပြောဖြစ်ခဲ့တဲ့ အမှန်တရားကရော
ဘာများ ဖြစ်လောက်မလဲ hyung ...?!

ဖြစ်နိူင်ရင် ရင်ဘတ်တွေ ကွဲအက်သွားတဲ့ အထိ အော်
ဟစ်မေးလိုက်ချင်တာပါ..ဖြစ်နိူင်မယ်ဆိုရင်ပေါ့လေ...

ထားပါ..အခုအချိန်လေးမှာတော့.......concert တွေလုပ်
ပြီး သီချင်းတွေ ဖျော်ဖြေနေရတဲ့ ရွှေလို အဖိုးထိုက်တန်
တဲ့ ဒီအခိုက်အတန့်တွေ...~~

ကျနော်တို့ကို မြတ်နိုးတန်ဖိုးထားကြတဲ့ သိပ် ချစ်ကြတဲ့၊ ကျနော်တို့ကလဲ တန်ဖိုးထားရတဲ့ ကျနော်တို့ရဲ့ အရာရာ
ဖြစ်ပါသော...

Army 💜တွေနဲ့ အတူတူ ဖြတ်သန်းကုန်ဆုံးနေရတဲ့
ဒီအဖိုးတန် အချိန်လေးတွေ တကယ် ကုန်ဆုံးမသွား
ရအောင် ဖြစ်နိူင်မယ်ဆို အချိန်တွေကို ရပ်ထားချင်
တာပါ...

ဒီ fandom ကြီးက အဖိုးတန်လွန်းလို့ ကျနော့်တို့ ၇
ယောက်နဲ့ အတူ ထာဝရ တည်မြဲနေစေချင်တာ....

ကျနော်တို့ရဲ့ သီချင်းတွေကို လိုက်အော်ဆိုရင်း သူတို့ရဲ့
အပြုံးတွေက ကျနော်တို့ နှလုံးသားထဲ အထိ နစ်ဝင်နေ
တာမို့ ဒီအခိုက်အတန့်လေးတွေကို သေတဲ့နေ့အထိ
သိမ်းဆည်းထားချင်တာပါဘဲဗျာ...

Army-!!!!!!!ဆာရားငယ်(ချစ်တယ်).!!

ကြည်နူးစရာ အတွေးထဲကို သာယာနာပျော်ဖွယ် အသံ
လေးတစ်ခု ရောက်လာတော့ ကျနော့် အပြုံးတွေက
သူ့ရဲ့ မျက်နှာလေးအား ငေးရင်း ဖြစ်တည်လာရတယ်

ဆက်လက်ပြီး fly kiss တွေ တပုံတပင်ကြီး ပေးနေပြီ ဖြစ်တဲ့ ကျနော့်ရဲ့ hyung ကြောင့် ငေးကြည့်နေရင်းက
ဘဲ ဒီကကောင်ရဲ့ အပြုံးတွေဟာ stage ပေါ်မှာတင်
အထိန်းအကွပ်မဲ့ကုန်ပြီလေ..

Monody within 8760 hours and 365 days 💟(one shot)Where stories live. Discover now