Ep26~You will be mine forever~

1.7K 81 0
                                    

~I will ever be yours and you will ever be mine. Your smile is mine. Your love is mine and You will be mine Forever~

"ဘာမှလည်း မဆိုင်ဘူး"

"ဘာမှမဆိုင်လည်း ချစ်တယ်လို့ မင်းလေးကိုအကြိမ်ကြိမ်အခါခါပြောပြချင်နေတာ..."

"အရူး"

"မင်းလေးရဲ့ ချစ်တယ်လို့တုံ့ပြန်လိုက်တဲ့စကားတစ်ခွန်းက ကိုယ့်ကိုအရူးတစ်ပိုင်းလို ဖြစ်သွားစေတယ်လေ။ အရူးလို့ပြောကြေးဆို ကိုယ်ကအချစ်ရူး..."

"..."

"ကိုယ်မျှော်လင့်ထားတဲ့အရာတွေ အမှန်တစ်ကယ်ဖြစ်လာတော့ အခုကိုယ်လေ... အိမ်မက်မက်နေတယ်လို့တောင်ထင်နေမိ​တယ်"

မင်းလေးကိုယ့်ကိုချစ်တယ်ဆိုတာနဲ့တင် ကိုယ့်ဘဝမှာ ဘာမှထပ်ပြီးမလိုအပ်တော့လောက်အောင် ပြီးပြည့်စုံသွားခဲ့ပြီမို့ မင်းလေးကို ကိုယ်တစ်ကယ်ကျေးဇူးတင်တာပဲ။

"ဒီနေ့ကိုယ်မင်းလေးကိုလာကြိုမယ်စောင့်နေ"

နေ့လည်ကချေမိုးပြောသွားတဲ့စကားတစ်ခွန်းကြောင့် သူ့မှာအလုပ်ကောင်းကောင်းမလုပ်နိုင်တော့ဘူး။ ညနေရောက်ဖို့ကိုသာ နာရီတကြည့်ကြည့်နဲ့ အလုပ်ရှုပ်နေခဲ့သည်။ သူ့ကိုရိသဲ့သဲ့နဲ့ ဆွဲဆောင်​ပြီးပြောသွားတဲ့​ ချေမိုးရဲ့စကားတစ်ခွန်းက ဘာမှအဓိပ္ပါယ်မှမရောက်တဲ့စကားဆိုပေမယ့် ချေမိုးရဲ့အမူအရာက သူ့ကိုပိုပြီးဆွဲဆောင်နေတာကြောင့် ညနေရောက်ဖို့ကို သူ့မှာထိုင်မရထမရနဲ့ စောင့်မျှော်နေမိတာလား ၊ ကြောက်ရွံ့နေမိတာလားဆိုတာ ကိုယ်တိုင်လည်း မသဲကွဲနိုင်တော့ဘူး။

'' ကိုယ်ရောက်ပြီ။ ဆင်းခဲ့တော့ ''

သူ့ဖုန်းထဲကနေမက်ဆေ့ဝင်လာတော့ရည်မွန်ဖွင့်ကြည့်လိုက်သည်။ မက်ဆေ့တွေ့တာနဲ့ အပြေးဆင်းလာခဲ့သည်။

"ကိုယ့်ကားနဲ့လိုက်ခဲ့နော်။ မင်းလေးကားကို ဒီမှာပဲထားခဲ့လိုက်"

"အင်း"

"လိမ္မာတယ်"

လိမ္မာတယ်လို့ဆိုကာခေါင်းပုတ်ပြီးပြောတဲ့ချေမိုးကြောင့် ရည်မွန်မျက်နှာရဲကနဲဖြစ်သွားသည်။ သူ့ကိုကလေးများ မှတ်နေလားမသိဘူးဆိုတဲ့ အတွေးလေးကဝင်သွားတော့ နှုတ်ခမ်းစူနေရင်းသာ ကားထဲရောက်သွားသည်။

Rain💛Moon (Completed)Where stories live. Discover now