Part 1

126 15 6
                                    

ᴢᴀᴡɢʏɪ ᴄᴏᴅᴇ

မိုးစက်ငယ်တို့က တပေါက်ချင်းလိမ့်ဆင်းလာသည်
မိုးတွေဖွဲဖွဲရွာသောအခါ ခေါင်မိုးပေါ်က မိုးသံတို့သည် ခရစ်အတွက် တေးသံလိုလို

ဒီနေ့တော့ ခရစ် အိမ်မှာပဲနေဖြစ်သည် ပုံမှန်ဆို ပန်းချီဆွဲသင်တန်းရှိပေမဲ့ မိုးသဲသည်နှင့် သင်တန်းကရွှေ့ဆိုင်းထားသည်တဲ့

ခရစ်တယောက်ပန်းချီမဆွဲရသဖြင့် တယောက်ထဲအဖော်မဲ့သလိုလို နှင့် ပြတင်းပေါက်ဆီက လိမ့်ဆင်းလာတဲ့ မိုးပေါက်ကလေးများကို လက်ဖြူနုကလေးဖြင့်တို့ကြည့်နေမိတော့သည်

ခရစ်ဆိုသည် အကောင်ပေါက်သေးသေးမှာ အသက်က ၂၃ဖစ်နေသော်လဲ လုံးလုံးလေးသာ
နဂိုထဲက အေးတတ်သူမို့ မိုးသဲနေတော့ ဆွယ်တာဖြူလေးကိုဝတ်ထားလေရဲ့

အသားဝါ၀ါလေးပေါ်မှာ ဆွယ်တာလေးဟာ ထင်းလို့
အကောင်ပေါက်ကလေးလဲဖြစ်တာကြောင့် ယုန်ပေါက်လေးလိုလိုသာ..

'ခရစ် မအေးဘူးလား ဒီမှာလာနေလေ 'ဟု မေမေ့ပြောသံကြောင့် ပြတင်းနားကရေစက်လေးကို မထိတော့ဘဲ အခန်းတွင်းကိုသာ လာခဲ့လေသည်

'မေ့ မအေးပါဘူး ဒါမဲ့ ကော်ဖီလေးသောက်ချင်လို့ ခရစ်သွားသောက်အုံးမယ်'ဟု ပြောရင်း ကော်ဖီဖျော်နေလိုက်သည်

ခနအကြာတော့ ခရစ်တခုကိုသတိရမိသည်
'အာ ဟုတ်သားပဲ ငါရေဆေးအရောင်တွေထပ်တိုးဝယ်ရမယ် မိုးလဲတိတ်တော့မှာပါ ခနနေ သွားရမယ်' ခရစ်တယောက် ကိုယ့်ဘာကိုသာပြောနေမိသည်

ကော်ဖီသောက်ပီး သိပ်မကြာလိုက်ပါ
မိုးကနဲနဲသာရွာတော့သည်

ခရစ်လဲ အိမ်နားက Mini Martအသေးလေးကို ထွက်လာခဲ့လိုက်လေတော့သည်

Mini mart မှာ လူနဲနဲကျဲနေတုန်း ခရစ်ရေဆေးကို
ခေါင်းကျိုးမတတ်ငုံ့ကာရွေးတော့သည်
လိုချင်တာမတွေ့သေးတော့ ခရစ်ကြိုးစားပမ်းစားရှာနေလေသည်

ဒီMini martတခုထဲမှာ လာဆုံသူက ဟန်..

ဟန်ဆိုသည်မှာ အသက်က၂၆အရပ်ဆိုသည်မှာ
အရှည်ကြီးပင် ပြူံးလိုက်လေလျင် ခန့်ညားမှုက လက်ဖျားခါမတတ်

ဟေသာရောင်တောက်တောက်Where stories live. Discover now