Maple ချစ်ပုံပြင်

87 9 2
                                    

#Zawgyi

           🎆 One Shot 🎆
          ^^^^^^^^^^^^^^

Maple တွေကြွေနေပြီ အချစ်
မင်းကိုယ့်နဲ့ဝေးရာမှာ ပျော်နေပြီလားကွယ်
ကိုယ်ကတော့ မင်းကိုမမေ့နိုင်ဘူးလေ
တင်းထားမိတဲ့အချစ်ဆိုတဲ့ နှောင်ကြိုးက
ကြာလေ ကြာလေ မင်းကိုမမေ့နိုင်အောင်
ပြုစားတုန်းပါလား

သက်ပြင်းဖွဖွချကာ Maple ပင်ကြီးအား မော့
ကြည့်နေရင်းမှ အိတ်ကပ်ထဲက ဓာတ်ပုံလေးတစ် ပုံအား ထုတ်ကြည့်လိုက်လေသည်

နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြနေသော မိန်းကလေး
တစ်ယောက် ဘယ်သူလဲဆိုတော့ အသက်ထက်
မက စွဲမြဲစွာ ချစ်မြတ်နိုးရပါသော ချစ်သူ

မျက်လုံးများအား မှေးမှိတ်မိလိုက်စဉ်
ကြားယောင်လာသော အသံတချို့က သူ့အား
အတိတ်ဆီသို့

~~~~~~~~~~~~~~~~~~~~~~~

သတိထားမိခြင်း
~~~~~~~~~

မင်ဟို တစ်ယောက် ကျောင်းခန်းထဲက ခုံပေါ်တွင်
မှောက်အိပ်နေတုန်း ဘေးက ကျောင်းသူလေး
တွေ၏ တီးတိုးတီးတိုး အသံများကြားရသည်

"ငါတို့ကျောင်းကို Scholarship နဲ့ကျောင်းသူ
တစ်ယောက်ပြောင်းလာတယ်ဆိုပဲ"

"အေး ငါလည်းကြားတယ် မြန်မာနိုင်ငံကတဲ့"

ထိုအချိန်တွင် ဆရာမဝင်လာသဖြင့် စကားစပြတ်
တောက်သွားသော သူမတို့

"ကဲ ကဲ နေရာမှာထိုင်ကြစာသင်မယ်"

ထိုအချိန်မှစ၍ ဘယ်သူ့မှဂရုမစိုက်တက်သော
သူရဲ့ရင်ထဲတွင် မြန်မာနိုင်ငံမှ Scholarship ရတဲ့ကျောင်းသူအား သတိထားမိလေသည်

~~~~~~~~~~~~~~~~~~~~~~~

သိရှိခြင်း
~~~~~~

"မင်္ဂလာပါ ကျွန်မနာမည် သော်သော်ပါ မြန်မာနိုင် ငံကပါရှင့်"

ကိုရီးယားလေသံ ဝဲဝဲလေးဖြင့် မိတ်ဆက်သော
သူမအား သူကြည့်လိုက်မိလေသည်
အရပ်ပုတုတုလေး ဆံပင်ကုပ်ဝဲလေး နှာတံစင်း
စင်းလေး နှုတ်ခမ်းဖူးဖူးလေး အသားအရေက ဖြူသလိုလို ညိုသလိုလိုလေး

ပထမဦးဆုံး မိန်းကလေးတစ်ယောက်အား သူ
သတိထားမိလေသည်

"သော်သော်"

Maple ချစ်ပုံပြင် Where stories live. Discover now