🐯Unicode🐯
မလင်းချင်လင်းချင်ဖြစ်နေသော ကောင်းကင်ကို Win အသာမော့ကြည့်လိုက်သည်။
ခြံတံခါးကိုအသာဖွင့်ကာ လှစ်ခနဲထွက်လာပြီး စတင်ပြေးရန်အရှိန်ယူဟန်ဖြင့် အသက်ဝဝတစ်ရှိုက်ရှူလိုက်သည်။ရုတ်တရက် ခြံတံခါးဘေးက အလှသစ်ပင်ရိပ်အောက်မှာ တောင့်တောင့်ကြီးရပ်နေတဲ့ ဖိဘိုက်ကိုမြင်လိုက်တော့ Win တစ်ယောက်သရဲတစ္ဆေတွေ့လိုက်ရသလို လန့်အော်လိုက်မိသည်။
"ဖိဘိုက်!! လန့်သေစေချင်နေတာလား ဘာလုပ်နေတာလဲ!!"
Bright ကလက်နှစ်ဖက်ကို အိပ်ကပ်ထဲထည့်ပြီး ခပ်တည်တည်နဲ့ Win ဆီဖြည်းဖြည်းချင်းလျှောက်လာပြီး ဘေးချင်းယှဥ်ရပ်လိုက်သည်။
"ကိုယ်ဝတ်စားထားတာ မြင်ယုံနဲ့မသိဘူးလား"
Win က Bright တစ်ကိုယ်လုံးကို ခြေစခေါင်းဆုံးကြည့်လိုက်ပြီး မျက်မှောင်အသာကုတ်ကာ scanဖတ်သလိုအထပ်ထပ်အခါခါ စုန်ချည်ဆန်ချည်ပြန်ကြည့်နေသည်။
"ညကလေ ရင်ဖွင့်တုန်းကဖွင့်ပြီး သူလဲပြောလို့ဝရော မပြောမဆိုနဲ့ဖုန်းချသွားလို့ ကလိကလိဖြစ်ကျန်ခဲ့တာ ဖြစ်နိုင်ရင်ညကြီးမိုးချုပ်တောင်ပြေးလာချင်သေး မကောင်းတတ်လို့!"
Win အတွေးစိတ်ထဲမှာ ညကဖုန်းဆက်ပြီး အလွမ်းသယ်ချင်သည်ကို ကြိတ်မှိတ်မြိုချရာက သူငယ်ချင်းနဲ့ရန်ဖြစ်ကြောင်း ကလေးကလားငိုယိုတိုင်တန်းနေသည်များကို မှတ်မိလာသည်။
စိတ်ထဲရှိသလောက် ဖွင့်ဟပြီးမှ စိတ်အနည်ထိုင်သွားတော့ ရှက်သလိုရှိတာနဲ့ချက်ချင်းဖုန်းချပြီး အိပ်ပစ်လိုက်တာကို သတိရသွားတော့ Win ကအားနာသလို မချိသွားဖြဲလေးရီပြရသည်။"လုပ်ချင်တာလုပ်ပြီး ခင်များလေးပဲကျေနပ်နေလိုက် မနေနိုင်တဲ့သူကတော့ စောစောစီးစီး ချမ်းချမ်းစီးစီးနဲ့ လာလိုက်ရတာ သေလုရောပဲ"
Bright ကအားကစားဘောင်းဘီရဲ့ ဘေးအိပ်ကပ်ထဲထိုးထည့်ထားတဲ့ လက်တွေကိုထုတ်ကာ လက်နှစ်ဖက်ပိုက်လိုက်ပြီး ခိုက်ခိုက်တုန်ဟန်ဖြင့် ပခုံးလေးကိုကျုံ့ကာ ဇက်ကလေး ပုဝင်နေလေသည်။
Win အသာမျက်စောင်းရွယ်လိုက်သည်။
"လက်ပြတ်ဝတ်ထားတဲ့သူမှ အားမနာ"
BINABASA MO ANG
သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed