Unicode
"ဒါက ဘာအနံ့လဲ"
အမိန့် သန့်စင်ခန်းထဲမှာ လက်ဆေးနေတုန်း
အခန်းထဲ ပျံ့လွင့်လာတဲ့ စပျစ်သီးအနံ့ကြောင့်
ပြောလိုက်သည်။အခန်းငယ်လေးအတွင်းမှာ တစ်စတစ်စ
သိက်သည်းလာတာကြောင့် အမိန့်နှာခေါင်း
ရှုံ့လိုက်သည်။ဒါဖယ်ရိုမုန်းတွေ၊မဟုတ်မှရာသီချိန်လား
တဖြည်းဖြည်း အနံ့တွေပျံ့လာတဲ့ အစွန်းဆုံးရှိ
အခန်းငယ်လေးဆီကို အမိန့်လျောက်လာကာ"အဆင်ပြေလား..ဆေးမပါဘူးလား"
"ဆေးမေ့ကျန်ခဲ့လို့"
အခန်းအတွင်းရှိ တုန်ရီနေတဲ့ အသံငယ်
လေးဖြင့် ဖြေလာခဲ့သည်။ အမိန့် သူ့အိတ်ထဲက
ဆေးကိုထုတ်ကာ"လောလောဆယ်ဆေးပဲပါတယ်
ဒါကခဏပဲခံမှာ..ရာသီချိန်အတွက်အဆင်
ပြေအောင်ပြီးရင်ကျောင်းဆေးခန်း
သွားလိုက်နော်"ဆေးလုံးကို တံခါးကိုအသာဟကာ
လှမ်းယူလာသည်။လက်တွေက သေးသွယ်ကာ
ဖြူ ဖွေးနေသည်။"ကျေးဇူးပါ"
တဖြည်းဖြည်းငြိမ်သက်သွားတဲ့ အနံ့တွေကြား
ထွက်လာသူကို ကြည့်လိုက်သည်။"စေညွှန်သူ"
မထင်မှတ်ထားတဲ့လူကို တွေ့လိုက်ရတာ
ကြောင့် နှစ်ယောက်လုံးအံ့သြသွားရသည်။"အာ..ဆောရီး ဒါလေးပေးဖို့မေ့နေလို
ဆေးခန်းသွားရင် အနံ့ထွက်မှာစိုးလို့
အနံ့ပျောက်သွားအောင် ဖြန်းလိုက်လေး""ကျေးဇူးပါ"
စေညွှန် စပရေးဘူးကိုယူကာ ကိုယ်ပေါ်သို့
ဖြန်းလိုက်သည်။ရာသီချိန်နီးပြီဆိုတာ
သိပေမဲ့ သူမှတ်ထားတဲ့ရက်ကို မရောက်သေး
တာကြောင့် သတိမထားမိဖြစ်သွားရသည်။
ဟိုရက်က လှုံ့ဆော်မူတွေကြောင့် ဖြစ်မည်။"အင်း၊ဆေးကငါ့အတွက်သီးသန့်ဆိုတော့
မင်းနဲ့ဓာတ်မတည့်တာတွေဘာတွေရှိလား
စစ်ကြည့်လိုက်အုန်း"နေ့တိုင်း ဒီပစ္စည်းတွေထည့်ပေးတဲ့ ခွန်းကို
ကျေးဇူးတင်မိသည်။အမိန့်သာဆို ဒီဟာတွေကို
ရှိတယ်လို့တောင် မသတ်မှတ်။
ВЫ ЧИТАЕТЕ
Любовные романыUnicode ကျွန်တော်က အနောက်က လိုက်ရတာထက် ဘေးချင်းယှဉ်ရပ်နိုင်တာကိုပဲ လိုချင်တာ အမိန့်ရာ ကိုယ်တစ်ယောက်လုံး မင်းဘေးရပ်နေတာ နဲ့တင် မလုံလောက်ဘူးလားbaby မင်းမာန်ခစား Zawgyi ကြၽန္ေတာ္က အေနာက္က လုိက...