Ep-3

3K 381 39
                                    

အိမ်ပြန်ရောက်တော့ ကြွက်စုတ်ဖြစ်နေ
သည့် ထယ်ယောင်းကိုအမေကတွေ့ပြီး
စိတ်ပူကာပြေးလာခဲ့သည် ။

" သားထယ် .. တစ်ကိုယ်လုံးလည်းရွှဲနေရော "

ထီးယူလေ့ ၊ ဆောင်လေ့မရှိသည့်သူဟာ
ဒီနေ့ အကြီးကျယ်ရွာချလာသည့်မိုးကြောင့်
အိမ်နှင့် လှမ်းသည့် မှတ်တိုင်ကနေ ပြေးလာ
သော်လည်း မိုးစိုကာ ကြွက်စုတ်သဖွယ်ဖြစ်
နေတော့သည် ။

" ထီးမပါလို့ မိုးမိလာတာ မား "

" ဖြစ်ရမယ် .. အိမ်ပေါ်အမြန်တက် ပြောင်အောင်
သုတ် ၊ နွေးနွေးထွေးထွေးလေဝတ်ထား မား
နွားနို့လာပို့မယ် "

"ဟုတ် .. မား "

ထယ်ယောင်းလည်း မားကိုနှုတ်ဆက်ကာ
အပေါ်သို့တက်လာခဲ့တော့သည် ။

ဒီနေ့ ကျောင်းအသစ်မှာ သူအရမ်း
ပင်ပန်းခဲ့သည်လေ ..။

အတွေးထဲရောက်လာသည်က
ဂျွန်ဂျောင်ကု .. သူနှင့် စာသင်နှစ်
အကုန်အထိတွေ့ရမှာမို့ သက်ပျင်း
ချမိသည် ။

အကျီချွတ်ပြီး ခြင်းထဲထည့်မည်အလုပ်
ဒီအကျီက သူ့ဟာမှမဟုတ်ဘဲ မင်ယွန်းဂီ
အကျီမို့ သေချာလျှော်ဖွတ်ကာပြန်ပေးရ
မည်ဟုတွေးလိုက်သည် ။

အကျီ ဝတ်ပြီးပြန်ထွက်လာတော့
စားပွဲပေါ်ရောက်နေသည့် နွားနို့ခွက်လေး ။

ထယ်ယောင်းလည်း တစ်ကျိုက်သောက်
လိုက်ပြီး စာလုပ်ရန် စာအုပ်တွေထုတ်လိုက်
တော့သည် ။

ညစာကို ပါးပါးပြန်ရောက်မှ အတူတူစားနေကြ
ဖြစ်၍ ပါးပါးပြန်မလာခင်အထိ စာလုပ်တတ်တာ
အကျင့်ပင်ဖြစ်သည် ။

_________

ဂျောင်ကုကျောင်းကအပြန်
ရောက်လာသည်က ရည်းစားဟောင်း
ဖြစ်သူ မီရယ်ဆီသို့  ..။

သူ့လိုချစ်ပေးသည့်သူကို
သူမက ရက်ရက်စက်စက်ထားခဲ့
သည်လေ ။ ထို့ကြောင့်လည်း
ရည်းစားရှုပ်ပြီး ထင်တိုင်းကြဲကာ
ပျက်စီးနေခြင်းဖြစ်သည် ။

အချစ်ဦး‌မို့ အရိုးထဲထိစွဲ‌အောင်
ချစ်ပါသည်ဆိုသည့်သူ့လိုလူကို
သူမက တစ်ခါသုံးတစ်ရူးလိုလွှင့်
ပစ်ခဲ့သည် ။

Equal√Where stories live. Discover now