Unicode
ဒီနေ့တော့ အရေးကြီးတဲ့ အတန်းချိန်ကြောင့်
သခင်ကျောင်းကို ရောက်လာသည်။
ကုမ္ပဏီမှာ အလုပ်သင်အနေနဲ့ ဆင်းနေရပြီ
ဖြစ်တာကြောင့် ကျောင်းမှာတောင် မနေဖြစ်တော့။သခင် အရှေ့ကနေ တစ်ယောက်တည်း
လမ်းလျောက်နေတဲ့စေညွှန်ကို တွေ့လိုက်
တာကြောင့်"စေညွှန်"
"ဘာလဲ"
စေညွှန် အနောက်ကအသံကြောင့် လှည့်ကြည့်တော့ သူခိုးလက်။ သူ့ဆီ
ပြေးလာတာမို့ ပြန်မေးလိုက်သည်။"ဟာ..ကိုယ့်ကိုတွေ့တာတောင်
မပျော်ဘူးလား""ငါကဘာကိစ္စနဲ့ပျော်ရမှာလဲ"
"ကိုယ့်ကိုတွေ့ရလို့လေ"
သူ့ကို ပြုံးစစကြည့်နေတာကြောင့် စေညွှန်
ဘာမှဆက်မပြောတော့ပဲ ထွက်လာခဲ့သည်။ဘေးနားက သွားလာနေတဲ့ လူတွေဆီက
စပ်စုတဲ့အကြည့်တွေ၊အားကျတဲ့အကြည့်တွေက
စေညွှန်တို့ နှစ်ယောက်ဆီကို ကျရောက်နေ
ကြသည်။"စေညွှန်"
"အမိန့်၊ခွန်း"
"ဘာဖြစ်နေတာလဲ"
အမိန့် စေညွှန်နားကို လျောက်သွားရင်း
အနောက်ပါလာတဲ့ alphaကောင်ကို
ကြည့်ကာ မေးလိုက်သည်။"ဘာမှမဖြစ်ပါဘူး"
"အဲ့ဒါဆိုလည်းသွားမယ်လေ
မင်းအတန်းတက်မယ်မလား""အေးလေ"
"အချစ်.."
စေညွှန် ဘေးနားကညို့သခင်ဆီက ခေါ်သံ
ကြောင့် သူတို့သုံးယောက်လုံး မျက်နှာမှာ
အံ့သြမူတွေဖြင့်"မင်းချစ်သူလားစေညွှန်၊ငါမသိလို့
နှစ်ယောက်အတူလာခဲ့ကျလေ""ဟာ..မဟုတ်ပါဘူး၊အရူးကောင်
မင်းဘာတွေလုပ်လိုက်တာလဲ"စေညွှန် သူ့ကိုပြုံးကြည့်နေတဲ့ အမိန့်နဲ့
ခွန်းကို ရှင်းပြရင်း ဘေးကညို့သခင်ကို
ပြောလိုက်သည်။"ရှက်မနေပါနဲ့ကွာ၊ဒီလိုအရွယ်မှာ ချစ်သူ
ထားတာပုံမှန်ပဲ""ဟုတ်တယ်စေညွှန်၊ငါနဲ့အမိန့်သွား
တော့မယ်"အေးအေးနေတတ်တဲ့ ခွန်းကပါ ၀င်ပြောကာ
အမိန့်ကို ဆွဲခေါ်ကာထွက်သွားလေသည်။
နှစ်ယောက်လုံး မျက်နှာမှာတော့
"ကောင်းကောင်းချိန်းတွေ့ကြ"ဆိုသော
အမူအရာကို ပြသလျက်။
YOU ARE READING
RomanceUnicode ကျွန်တော်က အနောက်က လိုက်ရတာထက် ဘေးချင်းယှဉ်ရပ်နိုင်တာကိုပဲ လိုချင်တာ အမိန့်ရာ ကိုယ်တစ်ယောက်လုံး မင်းဘေးရပ်နေတာ နဲ့တင် မလုံလောက်ဘူးလားbaby မင်းမာန်ခစား Zawgyi ကြၽန္ေတာ္က အေနာက္က လုိက...