"မောင်..."
"မောင်...."
"ဘာလဲကွာ ။ ဒီမှာ game ရှုံးနေရတဲ့ ကြားထဲ "
ဆိုဖာပေါ်လှဲနေပါပြီး ခပ်တိုးတိုး ခေါ်လိုက်တဲ့ ငါ့စကားကို မောင့်တုန့်ပြန်သံက ကျယ်လောင်စွာ။ စိတ်တိုနေသည့် မောင့်ပုံစံက မျက်ခုံးတို့အား အလယ်တွင် စုစည်းထားသည်။ ငါ့ကိုတစ်ချက်မှ ဂရုမစိုက်ဘဲ gameကိုသာ သဲကြီးမဲကြီး အာရုံစိုက်နေတဲ့ မောင့်ကို ငါဘာမှမပြောချင်တော့ပါဘူး။
*ငါဗိုက်အရမ်းအောင့်နေလို့ ဆေးလေးသွား၀ယ်ပေးပါလား မောင်*
ဒီစကားကို game ထိုင်ဆော့နေတဲ့ မောင့်ကိုသာ ကြည့်ပြီး ငါစိတ်ထဲမှပြောမိတယ်။ ဗိုက်ကအရမ်းအောင့်နေလို့ထင်တယ်။ ငါ့မျက်လုံးထဲက မျက်ရည်တွေက မျက်၀န်းထောင့်ကနေစီးကျတယ်။ ငါသိပ်၀မ်းနည်းတာပဲမောင်။မောင့်ရဲ့ဥပေက္ခာတွေကြား။
"ငယ်က ဗိုက်အောင့်တက်တာမို့
မောင်က အမြဲငယ့်ဗိုက်လေးကို သက်သာသွားတဲ့အထိ
မောင့်လက်နဲ့ပွတ်ပေးမှာ"ပါတဲ့ ...အရင်အချိန်တုန်းက မောင်ပြောခဲ့တဲ့ စကားတွေပေါ့ ။ ငါ့ကိုအရမ်းဂရုစိုက်ခဲ့တဲ့မောင်မှာ အခုငါ့ရှေ့မှာထိုင်ပြီး game ဆော့နေတဲ့တစ်ယောက်ပါတဲ့ ။ ငါမယုံချင်ဘူးမောင် ။ တဖြည်းဖြည်းနဲ့ မောင့်ရဲ့ပြောင်းလဲလာမှုတွေကို ခံနိုင်စွမ်းမရှိဘူး။
အောင့်နေတဲ့ နေရာကဗိုက်ဖြစ်ပေမယ့်
ငါ့နှလုံးသားက နာတယ်မောင်။"မောင် အိပ်တော့မယ်ငယ် ။
ငယ်ခုနက ဘာပြောမလို့လဲ "ဖုန်းကိုပိတ်ပါရင်း ထိုင်ရာကနေထကာ မောင်က အလျင်စလို ငါ့အား ဆိုတယ်။ ငါနာကျင်နေတာကို မောင်မသိလေရောလား ။ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေရောလား ။
"ဘာမှမဟုတ်တော့ပါဘူး"ဆိုတဲ့ သဘောမျိူးနဲ့ ငါမောင့်ကို ဖြည်းဖြည်းသာသာ ခေါင်းခါပြလိုက်တယ်။ ငါ့မှာမောင့်ကို စကားပြန်ပြောဖို့ အင်အားရှိမနေဘူး ။ ချက်ချင်းပင် အခန်းထဲ၀င်သွားသည့်မောင်က ငါ့ကိုအတင်းမေးဖို့ စိတ်ကူးစိတ်မနေဘူး ထင်ပါတယ်။