🔥20🔥

4.2K 386 54
                                    

"နိုးနေပြီလား"

"ငါ့ကိုပြန်ခွင့်ပေးပါ"

"အခုမပြောနဲ့ဦး နေပြန်ကောင်းလာမှပြော အခုကရန်ဖြစ်ဖို့အချိန်ကောင်းမဟုတ်ဘူး"

ကုတင်စောင်းကနေ တရွေးသားမှမရွေ့ပဲပြန်ဖို့ခွင့်တောင်းနေသူအားပြောရင်း ရှပ်အကျီကြယ်သီးအားဖြုတ်လိုက်တော့ အဝါရောင်လေးကတဖက်လှည့်သွား၏။

ရှက်သွားသူသည် ပါးမို့မို့တို့ရဲနေမလား။

📩Ring📩

Message သံကြောင့်ကြည့်လိုက်တော့ ယောင်းဆီမှ...။

~~လက်ဆောင် ဘာလုပ်ရမလဲဆိုတာတော့ မင်းသိမှာပါ Good Luck~~~

စာဖတ်ပြီးသည်နှင့်ထပ်ရောက်လာသည်က ဓာတ်ပုံတစ်ပုံ။
ခုနကထိုးကြတုန်းကရိုက်ထားသော မျက်နှာတွင်ဒဏ်ရာများနှင့် Min Yoongi ၏ဓာတ်ပုံပင်။

Jeon မစဉ်းစားမိသောအတွေးတစ်ခုအား ယောင်းကပုံဖော်ပေးလိုက်သည်။
Jeon ကကျေနပ်စွာပြုံးလိုက်ကာ ယောင်းဆီစာပြန်ရိုက်လိုက်သည်။

~~မင်းအကောင်းဆုံးပဲ ယောင်း~~

ရှပ်အကျီအားချွတ်ပစ်လိုက်ကာ ဗီရိုထဲမှ Over Size T Shirt အဝါလေးဆွဲထုတ်ကာဝတ်လိုက်သည်။
လက်နှစ်ဖက်လုံးမှာဝတ်ထားတဲ့ bracelet များကိုဖြုတ်ပြီးမှန်တင်ခုံပေါ်ပစ်တင်သည်။ လက်ချောင်းသွယ်သွယ်တို့တွင်ဆင်မြန်းထားသည့် လက်စွပ်အကွင်းပေါင်းများစွာတို့အားချွတ်တော့လက်ဆစ်ကဒဏ်ရာတို့ကထပ်နာလာသည်။

ပြီးတာနှင့်ဆံပင်တို့အားတချက်သပ်တင်လိုက်ကာ ဆေးနှင့်ရေနွေးတင်ထားသောစားပွဲဆီသို့လျှောက်သွားလိုက်သည်။

"ဆေးလာထည့်ပေး"

"ဘာ"

"ကျွန်တော်ဒဏ်ရာတွေရလာတယ်လေ ကိုယ့်ယောက်ျားကိုဆေးထည့်ပေးမှပေါ့ ParkJimin ရဲ့"

"အပိုတွေပြောမနေနဲ့ JeonJungkook ငါ့ကိုပြန်လွှတ်ပေးပါတော့"

"ပြန်လွှတ်ပေးရအောင် ခင်ဗျားကိုကျွန်တော်ပြန်ပေးဆွဲလာတာမဟုတ်ဘူးနော် ParkJimin...ဒေါသထွက်လာအောင် မလုပ်စမ်းပါနဲ့ လာ ဒီမှာလာထိုင်"

I hate you, I love you [Complete]Where stories live. Discover now