UNICODE
Baby 제발 그의 손을 잡지마...
(ကလေးရေ...ကျေးဇူးပြုပြီး သူ့လက်တွေကို
မဆုပ်ကိုင်လိုက်ပါနဲ့)'Cause you should be my baby...
(မင်းက ကိုယ့်ရဲ့ကလေးလေးပဲ ဖြစ်သင့်တာလေ)오랜 시간 기다려온 날 돌아봐줘...
(အချိန်တွေအကြာကြီး မင်းကိုစောင့်နေခဲ့ရတဲ့
ကိုယ့်ကို ပြန်ပြီးငဲ့ကြည့်ပေးပါဦးကွာ)노래가 울리면 이제 너는...
(အခု ဒီသီချင်းလေးပြီးသွားရင် မင်းလေးက...)그와 평생을 함께하죠...
(သူနဲ့အတူ အမြဲရှိနေသွားရတော့မှာမလား)오늘이 오지않기를...
(ဒီလိုနေ့ရက်မျိုး ရောက်မလာဖို့ကို...)그렇게 나 매일밤 기도했는데...
(ကိုယ်ညတိုင်းအမြဲ ဆုတောင်းခဲ့ပေမယ့်လည်း...)네가 입은 Wedding Dress...
(မင်းလေး ဝတ်ထားတဲ့ wedding dress)(Boy) 네가 입은 웨딩드레스...
(ကောင်လေး၊ မင်းဝတ်ထားတဲ့ မင်္ဂလာ၀တ်စုံက...)내가 아니잖아...
(ကိုယ့်အတွက်မှ မဟုတ်ခဲ့တာပဲကွာ)လုံခြုံရေးတာဝန်ခံများ၏ ခွင့်ပြုချက်ရပြီးလျှင်ပင်
ပွဲကျင်းပရာအခမ်းအနားထဲသို့ ရောက်ရှိသွားသော
ခြေထောက်အစုံ။ ထိုခြေထောက်အစုံအား ရပ်တန့်
မနေစေဘဲ ရှေ့တိုးကာတစ်လှမ်းချင်းလှမ်းလျှောက်
လာမိတော့နီညှိုရောင်ခုံတန်းရှည်များကို တစ်ခုံချင်း
ဖြတ်ကျော်လာရပြန်၏။ ရင်းနှီးနေနှင့်ပြီးသားနေရာ
ဖြစ်သော်ငြားလည်း ဤနေ့တွင် ကွဲပြားနေသည်က
သာမန်နေ့များနှင့်မတူဘဲ မီးဆိုင်းများ၊ ပန်းများဖြင့်
အလှဆင်ထားခြင်းပင်။ ထို့အပြင် လူများကလည်း
အပြည့်ဖြစ်နေကာအပြုံးကိုယ်စီပန်ဆင်ထားလျက်။
ခုံတန်းရှည်များ၏အဆုံးနေရာကို အကြည့်ပို့မိတော့
အနက်ရောင်suitသတို့သားဝတ်စုံအား ခန့်ညားစွာ
ဝတ်ဆင်ထားလျက် အတောက်ပဆုံးပြုံးရယ်နေကာ
လျှောက်လမ်းထက် လမ်းလျှောက်လာသူလေးအား
ငေးကြည့်နေသည်မို့ မိမိကို စောင့်မျှော်နေသည်လား
အောက်မေ့ကာ အမြန်သွားမိတော့ သူ၏ လက်အား
အန်တီတစ်ဦးကလှမ်းဆွဲလိုက်ကာသူများနည်းတူပင်
ခုံတန်းတွင် ဝင်ထိုင်စေလိုက်၏။ ထိုအခါမှ သူသည်
အသိစိတ်တို့ပြန်ကပ်လာကာ အခြေအနေအမှန်အား
ပြန်လည်သုံးသပ်မိလာလျက်။
YOU ARE READING
Fate (Or) Fake? (Completed)
Fanfiction(Both Zawgyi & Unicode) Which started the beginning of this story; fate or fake? If it's because of fate, how will the goddess lead the story? If not? Written By W ❌Not In English❌