Jungkook pov;
ကလေးငယ်ကိုစိတ်ဆိုးဆိုးဖြင့် အိမ်ကထွက်လာကာလမ်းဘေးကဆိုင်လေးမှာ ထိုင်သောက်နေတာ ညရောက်သွားတာတောင်မသိလိုက်။သောက်နေရင်းဖုန်းလေးမီးလင်းလာပီး ဖုန်းခေါ်ဆိုသူကိုလှမ်းကြည့်စရာကိုပင်မလိုအောင်သိနေပါသည် သူ့ကလေးငယ်ဆိုတာကိုပေါ့။ဖုန်းလေးမှာအဆက်မပြတ်လင်းလာသော်လည်း ဖုန်းမကိုင်ခဲ့။ ညသန်းခေါင်ရောက်နေတာသိသော်လည်း အိမ်ကိုမပြန်ဖြစ်ခဲ့။ကလေးငာ်စိတ်ပူနေမယ်ဆိုတာသိပြောမဲ့လဲ ဒီတစ်ညလေးပဲကိုယ့်ကိုလွတ်ထားပေးပါ..
12:00PM
အခုချိန်လမ်းပေါ်တွင်လည်းမည်သူမျှမရှိသလောက်ပင်။ကားတွေတစ်ချို့တစ်လေရှိသော်လည်း မနက်ကလောက်ဆူညံနေခြင်းမဟုတ်။သူကထိုဆိုင်လေးမှပုလင်းများစွာဝယ်ကာ လမ်းလျှောက်နေရင်းသောက်ရင်ဆုံးဖြတ်လိုက်သည်။ သူပုံစံကလုံးဝအသဲကွဲသလိုလိုဘာလိုလို ထင်နိုင်ပေမဲ့ တစ်ကယ်တော့ သူ့ကိုယ်တိုင်လည်းမသိ။သူ့မာနကိုထိလို့ ဒေါသထွက်သွားတာလား။ကလေးငယ်ဘာမှမပြောနိုင်အောင်သူကြီးပဲဒေါသတွေထွက်သွား။သူပဲ ဆိုင်မှာထိုင်သောက်နေတာ။သူဒီညတော့ကလေးနဲ့မျက်နှာချင်းမဆိုင်ချင်ဘူး။
ကိုယ်အသက်ဘယ်လိုရှူရမလဲတောင်မသိတော့ဘူး
ကလေးငယ်ပြောသမျှစကားတွေကအကုန်ခေါင်းထဲပုံရိပ်တစ်ခုလိုပြန်မြင်ယောင်နေတဲ့အခါမှာ"ခင်ဗျားကောင်မစီသွားလေ ကျွန်တော့်စီဘာကိစ္စနဲ့ပြန်လာတာလဲ "
"အခုမှမသိချင်ယောင်ဆောင်မနေပါနဲ့ အမှန်တိုင်းပြောလိုက်လေ နောက်တစ်ယောက်ရှိနေပီလို့"
"ခင်ဗျားတွဲခဲ့သမျှမိန်းကလေးတွေလိုမျိုး ကျွန်တော့်ကိုထင်နေတာလား လွယ်လွယ်ရှင်းပြပီးလွယ်လွယ်ယုံမယ်ကောင်လို့ထင်တာလား ခင်ဗျားအလိမ်အညာတွေနဲ့နေရတာမပင်ပန်းဘူးလား"
"အား!!!!"(ခွမ်းးး)
သူစိတ်တိုတိုဖြင့်လက်ထဲတွင်ကိုင်ထားသောဆိုဂျုပုလင်းကို ဘေးကနံရံဘက်ကိုပစ်ပေါက် လိုက်သည်
ထိုအချိန်သူ့စိတ်ကိုချက်ချင်းရေနဲ့ပက်လိုက်သလိုငြိမ်းသွားအောင် လုပ်နိုင်တဲ့ နောက်တစ်ယောက်ထပ်မရှိနိုင်တော့တဲ့ သူ့ဘဝ လေးစီမှ စာတိုလေး
YOU ARE READING
12:45 PM
Short Storyကလေးငယ်ရယ် မင်းရပ်တန့်မှဖြစ်မယ် မင်းဖုန်းခေါ်နေတာကို ကိုယ်တွေ့ပါတယ် ကိုယ်ပြောသားပဲ ကိုယ်ကိုင်မှာမဟုတ်ဘူးလို့ ကိုယ်သိပါတယ် မင်းနောက်တစ်ကြိမ်ပြန်စချင်တာကို ဒါပေမဲ့ ကိုယ်တို့မှာကြုံလာရမဲ့ပြဿနာတွေရှိတယ်လေ ကိုယ်မင်းကိုချစ်ပေမဲ့ ဒီတစ်ညတော့ကိုယ့်ကိုလွတ်ထ...