အပိုင်း - ၁၇ ( မဖိတ်ခေါ်ရပါဘဲ ရောက်လာတယ်)
{ အတူတူပါပဲခင်ဗျာ၊ အတူတူပါပဲ }
ကျောက်မုကမ်းပါးထက်တွင် ကျောက်ယွဲ့ရော လုကျွေးပါ ရှိမနေသဖြင့် တစ်ခုခုအရေးကြုံလာလျှင် လက်အောက်တပည့်များ အရင်ဆုံးလုပ်ရမည်မှာ တတိယခေါင်းဆောင်အဖြစ် နေရာယူထားသော ဝမ်ကျန်အမည်ရှိလူထံသို့ ပြေးဖို့ရန်သာဖြစ်သည်။ အများအားဖြင့် ထိုသူမှာ စာအုပ်စာတမ်းများနှင့် စာရင်းဇယားများကို စီမံခန့်ခွဲရန် တာဝန်ရှိသူဖြစ်ကာ ၊ တပည့်ငယ်သားများအား အက္ခရာစာပေများ ဖတ်ရှုမှတ်သားတတ်အောင် သင်ကြားပေးရသောသူဖြစ်သည်။ လက်အောက်ငယ်သားတို့အနေနှင့် လေးစားရသော ဂုဏ္အဆင့်အတန်းရှိသူဖြစ်သော်လည်း လောကကြီးအကြောင်း အထာသိပ်မနပ်သေးသော ရှို့ချိုင်အဆင့်စာပေသမားတစ်ယောက်သာဖြစ်သည်မို့ လူဆယ်ယောက်ကျော်ရှိသောအဖွဲ့ကြီး ရုတ်တရက်ရောက်ချလာသည်ကို ဝမ်ကျန်လည်း ထိတ်လန့်စိုးရွံ့မိသွားသည်သာ။
"ကြီးမြတ်လှတဲ့ ဒီလူကြီးမင်းဟာ ခေါင်းဆောင်ကျောက်ဟုတ်ပါသလားခင်ဗျာ"
ဝမ်ကျဲန်မှာ အပြင်ဘက်သို့ ခြေချလိုက်ရုံသည်သာရှိသေး၊ လူတစ်စုက ချက်ချင်းပင် သူ့လက်များကို အားပါးတရ ဆုပ်ကိုင်ဆွဲယူလိုက်သည်။
"ပုံတူပန်းချီတွေထဲကနဲ့ သိပ်မတူပေမယ့် လူကြီးမင်းက စွမ်းအားကြီးပြီး အံ့ချီးဖွယ်ရာ ဖြစ်နေဆဲပါပဲ၊ ဂုဏ်ရှိန်ကြီးမားပြီး တည်ကြည်မြင့်မြတ်ဟန် ရနေဆဲပါပဲ။ ဒါဟာ သာမန်လူသားတစ်ယောက် မဖြစ်နိုင်ဘူးဆိုတာ ဖျတ်ခနဲကြည့်လိုက်ရုံနဲ့ သိသာလွန်းပါတယ်။ ခုတလောရော မသေမျိုးအမတနတ်ဘုံနန်းမှာ အခြေအနေဘယ်လိုရှိသေးလဲဟင်"
ဟွားထန်မှာ သူမမျက်နှာကို လက်ဖြင့်အုပ်ထားလိုက်ရသည်။
ဘယ်တော့များမှ ဒီလိုမျိုးအရှက်ကွဲစရာကိစ္စတွေကို မလုပ်ဘဲ ရပ်ထားနိုင်မှာလဲ။
"ကျွန်တော်က ခေါင်းဆောင်ကျောက်မဟုတ်ရပါဘူး၊ စာသင်ပေးတဲ့ဆရာတစ်ယောက်ပါ"
ဝမ်ကျဲန်မှာ သူ့လက်ကို မနည်းပြန်ရုန်းလိုက်ရသည်။
"ဒီကလူကြီးမင်းတို့ရော ဘယ်သူများလဲ၊ ဘာလို့များ ကျောက်မုကမ်းပါးဆီ ရောက်လာကြပါသလဲ"
![](https://img.wattpad.com/cover/240412649-288-k263039.jpg)
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...