ဘာမှမရှိတဲ့ ဘဝထဲ တိုးဝင်ချင်တဲ့လူရယ် ...
ဘာမှမရှိတဲ့ ဘဝထဲ ဝင်ဖို့မခေါ်ရက်တဲ့လူရယ်
ဘယ်သူကပိုမှားလိမ့်မလဲ...?"နင်ကမကောင်းလိုက်တာ အဲ့တာတွေလိုလို့လား ငါ့ကိုကြိုက်တယ်လဲပြောသေးတယ်တစ်ချိန်တည်းမှာဘဲသူများလက်ထဲထည့်ဖို့တွေးနေတယ် "
"ရပါတယ် ငါကဘဲမကောင်းတဲ့ကောင်တွေကိုအခွင့်အရေးပေးလိုက်မယ်လေ"ဆူအောင့်အောင်ပြောနေတဲ့ သူမကိုကြည့်ပြီး မြတ်နိုး သက်ပြင်းလေးသာသာချမိသည်။
"သဘောကျတိုင်း နင် အများကြီးပြည့်စုံသွားမှာမို့လို့လား ... အဲ့တာကိုကြည့်ရသေးတယ်"
"မပေးပါနဲ့...လာပါ ငါ့ဆီဘဲ"
"ငါ ဘယ်သူ့ဆီမှ နင့်ကို ထည့်မပေးတော့ပါဘူးနော်...
မကောင်းတဲ့ကောင်ကိုတော့ အခွင့်အရေးမပေးပါနဲ့..."သော်တာ မြတ်နိုးကို မကြိုက်တာ ဒါတွေ ...
သူဘဲချစ်တယ်ပြောလိုက် သူမကို ဝေးဝေးတွန်းပို့လိုက်နဲ့
ဘယ်လောက်တောင် မုန်းဖို့ကောင်းလိုက်လဲ ... ။"ကောင်းတဲ့ကောင်ဆိုရင်တော့ပေးပေါ့ အဲ့လိုလား"
"သော် ငါပြောတာ အဲ့လိုမဟုတ်ဘူးကွာ ... ထားတော့ ငါချစ်တာတစ်ခုတည်းနဲ့ နင့်ဘဝက ပြည့်စုံသွားမှာမဟုတ်ဘူး "
မြတ်နိုးကို မကြည့်ဘဲ သော်တာ လှည့်ထွက်လာမိသည် ...
တစ်ခါလည်းမဟုတ်ဘူး သူ သိပ်ကိုလွန်နေပြီမလား
သူမလှည့်ထွက်လာလည်း လိုက်ခေါ်မှာ မဟုတ်တဲ့ မြတ်နိုးကို ဆွဲကုတ်ချင်စိတ်တွေက တားမရဘူး ...
သူချစ်တယ်ဆိုတာ သူမ အပေါ် သိပ်ကိုပေါ့ပျက်ပျက်နိုင်နေတော့တာဘဲ ... ။ထွက်သွားတဲ့ သူရဲ့ လက်ကို လှမ်းဆွဲဖို့ မြတ်နိုးမှာ တကယ်ကိုအားမရှိဘူး ...
မြတ်နိုးသိတာ တစ်ခုတည်း မြတ်နိုး သူ့ကို အေးအေးဆေးဆေးဘဝကို ဖြတ်သန်းစေချင်တာ ။
ဒုက္ခများတဲ့ လောကကြီးမှာ သူမြတ်နိုးရတဲ့ သော်တာကိုတော့ တကယ်ကို အေးအေးချမ်းချမ်းဘဲ ရှင်သန်စေချင်တာ ... ။_________________________________________________
မြတ်နိုး သော်တာထားခဲ့တဲ့နေရာမှာတင် ကျန်ရစ်ခဲ့တာ ဘယ်နှနာရီတောင်ရှိနေပြီလဲမသိဘူး ...
ခြေထောက်တွေထုံကျင်လာမှ သူမ ဒီက ထသွားဖို့သတိရတာ ...
YOU ARE READING
-အပိုင်းအစလေးများ-
Randomရေရေရာရာမရှိတဲ့ ခံစားချက်တွေကို ဇာတ်လမ်းတိုတစ်ပုဒ်အသွင်ပြောင်းပစ်လိုက်တယ်...။