Episode (15)

242 16 0
                                    

Uni#

အတိတ်ကို ပြန်စဥ်းစားမိလိုက်တိုင်း မိမိ၏လက်တို့ တုန်ရီနေတုံးပင်။ ဆရာဝန်ဖစ်ပီး ဒီလက်ပေါ်မှာ သွေးတွေနှင့် သွန်းကို အချိန်မှီလဲ မကယ်နိုင်ခဲ့ပေ။ ခွဲစိတ်ဆရာဝန်တစ်ယောက်က hemophobia ရောဂါရခဲ့ရင် ခွဲစိတ်ခန်း ဘယ်လိုဝင်ရမည်နည်း။ အခုလိုပြန်စဥ်းစားတာတောင် တုန်ရီနေတဲ့ လက်တို့ကို စိတ်ပျက်လာသည်။ ဒါတွေက oemenကြောင့် ဖစ်လာရတာ။ ဟုတ်တယ် oemenကြောင့်ပဲ။

''ငါ မင်းကို ခွင့်မလွှတ်ဘူး oemen, ငါ့သားကို ငါပြန်ခေါ်မယ်....''

~~~~~~~~~~~~~~

လှေကားအရှည်ကြီးကနေ တစ်ထစ်ချင်းဆင်းလာသည်။ ဒီအိမ်က ကျယ်ပေမဲ့ ဒီလောက်ကြီးကျယ်တော့ လမ်းလျှောက်ရသည်ကိုပါ ပျင်းနေသည်။ ဖစ်နိုင်ရင် မိမိတိုက်ခန်းလေးကို လွမ်းလာသည်။ ဗိုက်ဆာလား လေးလှမ်းလောက်ဆို ရောက်ပီ။ လေသံတစ်ပြင်းပြင်းဖြင့် စိတ်ပျက်လက်ပျက်ဆင်းလာသည်။

''နှုတ်တောင်မဆက်သွားဘူး။ အလုပ်ကိစ္စသွားပီထင်တယ်....။'' အောက်ထပ်ရောက်တော့ maidက မိမိ့အနားလာသည်။

''သခင်လေးက အကိုလေးအတွက် breakfast ပြင်ခိုင်းထားပါတယ်။ နောက်ပီး သူ့ကို အခုတလော ဖုန်းလဲ မဆက်ပါနဲ့အုံးတဲ့ သူပြန်လာပါ့မယ်တဲ့...'' ထိုစကားကြားတော့ စိတ်နည်းနည်းပြေသွားသည်။ ဓီလိုတော့ မှာဖို့ မမေ့ပဲ ရှိသေးသာဆိုပြီး။

''ရပါတယ်.....''

kitchen ထဲ ရောက်တော့ ပေါင်မုန့်လေးတွေနဲ့ စတော်ဘယ်ရီယိုဘူးလေးကိုပါတွေ့သည်။ ဓားလေးလဲ ထားထားပေးသည်။ စားပွဲခုံအရှည်ကြီးရဲ့ ထိပ်ဆုံးမှာတော့ မင်းစက်အဖေက ထိုင်နေတုံးပင်။ မိမိလဲ ဘာမှပြောမနေတော့ဘဲ သွားထိုင်နေလိုက်သည်။ ပေါင်မုန့်အချပ်လေးကိုယူ ယိုလေးသုတ်ရင်း စားနေသည်။

''ဒါတွေပဲ စားကြတာလားမသိဘူး။ စပါကတီလေးတော့လုပ်ကျွေးတာမဟုတ်ဘူး စိတ်ဓာတ်ပဲ။ '' မြန်မာစကားနားမလည်ဘူးဆိုတိုင်း နှုတ်ခမ်းလေး တထော်ထော်ဖြင့် အတင်းက ပေါ်တင်တုပ်လိုက်သည်။

''ဟိုကောင်လေး....!!" အတင်းတုပ်နေတုံး မင်းစက်အဖေက ရုတ်တရက်ခေါ်လာတော့ လန့်ဖြန့်သွားသည်။

The love on you💜Where stories live. Discover now