မှောင်မိုက်ခြင်းတို့ပိတ်သိမ်းချိန် အာရုံဦး၏အလွန် တိမ်တို့လွင့်မြောရာကောင်းကင်ပြင်မှနေရောင်ခြည်နွေးနွေးသည် ပြတင်းမှတိုးဝင်ကာဖြာကျသည်။ ပွရှုပ်ရှုပ်ဆံသားတို့သည်ကြမ်းတမ်းမနေ မကြည်ကြည့်ကြည့်တတ်သည့်မျက်ဝန်းတောက်တောက်လေးတွေကအခုချိန်မောပန်းစွာမှေးမှိတ်နေကြသည်။ ပေါ်လွင်သည့်နှာတံအဆုံး ခပ်လုံးလုံးထွေးအိအိနှုတ်ခမ်းတစ်စုံသည်ယောကျာ်းလေးတစ်ယောက်နှင့်လိုက်ဖက်လွန်းသည်လား။ စိမ်းဖြာနေသည့်မျက်ခွံများ ပန်းရောင်လွင့်နေသည့်ပါးပြင် နီစွက်ခြင်းဖက်သို့လူးနေကြသည့်နှုတ်ခမ်းလွှာတို့တည်ရှိရာ ဖွေးဥဥမျက်နှာသည်ရောင်စဥ်ရောက်ဆက်အတန်တန်တို့ဖြင့်ပြည်စုံလှ၏။ မေးစေ့မှကိုင်ကာခပ်ဟဟပွင့်နေသည့်နှုတ်ခမ်းကိုစေ့ပေးသည်။ ဒီအကြိမ်တွင် jungkook ဦးစွာနိုးခြင်းကြောင့် သူ့ရှေ့၌အိပ်မောကျနေသူကို တစ်စက္ကန့်မလွတ်တမ်းမလွှဲတမ်းကြည့်၏။ ပန်းချီဆရာတို့၏ပြိုးပြိုးပြက်ပြက်စုတ်ချက်ပေလား ပန်းပုတို့၏မသေမသပ်ထုဆစ်မှုပေလား အိပ်နေရင်းတောင်သူ့အားပြုစားနိုင်သည်။ ဆံပင်တွေအားထိုးဖွ၍ ကစားနေသည့် jungkook ကြောင့် seokjinလွန့်လူးကာနိုးလာသည်။
"Hyung မနက်ရောက်ပြီ"
"မရောက်သေးပါဘူး"
Seokjin သည်မျက်လုံးမှိတ်ကာပြောနေ၏။
"Hyung မျက်လုံးမှိတ်ပြောနေလို့လင်းမလား ဖွင့် ဖွင့်"
Seokjin ၏မပွင့်သေးသည့်မျက်လုံးများကို jungkook လက်မနှင့်လက်ညိုးကိုအသုံးပြု၍အတင်းကာရောဖွင့်သည်။ သို့သော်မျက်လုံးတို့၏အကျယ်သည်ခပ်ကျဥ်းကျဥ်းမျှသာပွင့်၏။
"မင်းဘာဖြစ်နေတာလဲကွာ ငါအိပ်လို့မဝသေးဘူး"
"ဒါဆိုလည်းအိပ်"
မျက်နှာကိုဆက်ခနဲဆွဲယူ၍သူ့ရင်ဘတ်နှင့်အပ်စေသည်။ ထို့နောက်တင်းတင်းကြပ်ကြပ်ဖက်ထားသည်။ သန်မာလွန်းသည့် jungkook ၏လက်များကို seokjinအသကုန်ဖယ်၍ ဝုန်းခနဲထသည်။
"အား မအိပ်တော့ဘူးတော်ပြီ ဘယ်လိုကောင်လဲမသိဘူး"
ဝူးဝူးဝါးဝါးအော်ကာထသွားမည့်သူကို jungkook လက်ကနေဆွဲယူလိုက်သည်။
YOU ARE READING
Steady Principle { Completed }