Unicode
ပုံဖော်ထားသည့် ကဒ်ထူ များ လိုအပ်သည့် ပစ္စည်အသေးလေးများ ပွစာကျဲကာ သူရိန် ဧည့်ခန်းထဲစိတ်ပျက်လက်ပျက်ထိုင်နေမိသည်။ ဒီနှစ်အတွက် ပထမဆုံးလုပ်ရမည့် project ကို ဘယ်ဘက်လက်တစ်ဖက် ကျောက်ပတ်တီးစီးလျက် မည်သို့လုပ်ရမှန်းမသိ။ နောက်တစ်ပတ်ထဲ presentation လုပ်ပေးရမည့် project အတွက် design ထိုင်ထားပြီး ပုံအချော အကုန်ထွက်ထားပြီး သည်ကြောင့် ပုံစံငယ်ကို မော်ဒန်ချိုး ရန်သာကျန်တော့သည်။ လက်နှစ်ဖက်လုပ်မှ အဆင်ပြေမည်ဖြစ်သည်ကြောင့် တစ်ဖက်နှင့်ဘယ်လိုကြိုးစားကြိုးစားအဆင်မပြေ။
"သူရိန်"
အမွှေးပွအခင်းပေါ် ပစ္စည်းပတ်လည်ချထိုင်နေသည့်သူရိန်သည် အနောက်တည့်တည့်မှ ဦးဝေခေါ်သံကြားသည့်အခါ နီးကပ်လွန်းသည်ကြောင့် လှည့်မကြည့်ပဲ ခေါင်းမော့ချကာ လည်ပင်း လှန်ကြည့်မိသည်။ လက်တစ်ဖက်တွင် ကြွေပန်းကန်အပြန့်တစ်ဖက်ကိုင်လာရင်း သူရိန့်ပတ်ပတ်လည်မှပစ္စည်းများကိုတစ်ချက်ဝေ့ကြည့်လိုက်သည့် ဦးဝေက သူရိန် မော့ကြည့်သည့်အခါ နဖူးကိုလက်ညှိုးနှင့် ဖိတွန်းထားသည်ကြောင့် ခေါင်းပြန်ငုံ့ချ၍မရ။
"ဦးဝေ~"
"ဘာဖြစ်လဲ မျက်နှာက"
"မော်ဒန်ချိုးမလို့"
"အင်း"
"လက်ကမရဘူး"
ငိုမဲ့မဲ့ဖြစ်နေသည့် မျက်နှာနှင့် ပြန်ဖြေသည့်အခါလက်ထဲမှ ပန်းကန်ကိုစားပွဲပေါ်တင်ရင်း ဦးဝေက ဆိုဖာပေါ်ထိုင်ချလိုက်၏ သူရိန်ထုတ်ထားသည့် design ကို ဦးဝေ ယူပြီး အာရုံစိုက်ကြည့်နေပေမယ့် သူရိန့် အာရုံများကတော့စားပွဲပေါ်က ကြက်ကြော်ပန်းကန်တွင်ဖြစ်သည်။ လက်တစ်ဖက် အရိုးအက်သည်က သူရိန့်အတွက်သိပ်ကိုအဆင်ပြေ၏ ဖြစ်နိုင်လျှင်ပတ်တီးတောင်မဖြည်ချင်သေး။ ဦးဝေနှင့်အရင်ကထက်ပိုနီးနီးကပ်ကပ်နေခွင့်ရသည့် အပြင် မိုးလင်းမိုးချုပ်အစားအသောက်ကအစ သေချာဂရုစိုက်ပေးသည့် ဦးဝေကြောင့် သူရိန်သိပ်ကိုဇိမ်ကျနေ၏ ဆေးရုံ ဆင်းလာကာစ နေ့တုန်းကဆို ထမင်းတောင် ခွံကျွေးသည်ကြောင့် သူရိန်အခန့်သားနှင့်။ သို့သော် ရေချိုးအ၀တ်အစားလဲပေးသည့်ကိစ္စကတော့ ဇိမ်မကျပါ။ ရှက်သည်ကြောင့်အလွဲလွဲအမှားမှားလုပ်မိသည့်သူရိန်နှင့် စိတ်မရှည်သည့် ဦးဝေသည် ထိုအချိန်တွင်တော့ တကျက်ကျက်ပင်။
KAMU SEDANG MEMBACA
သက်ဆိုင်သူ (Unicode+Zawgyi)
Fiksi Umumpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။