ZAWGYI
No one pov
***
ည ၁၁ နာရီထိုးခါနီးပြီ။အလင်းရောင်ကြောင့် ပေကျင်းဟာ အလွန်လှပနေလေတယ်။ အဆောက်အအုံတစ်ခုစီ၊ ရှုပ်ယှက်ခတ်နေသောလမ်း၊ ယာဉ်များဖြတ်သန်းသွားလာမှုတို့နဲ့ လှပစွဲမက်ဖွယ်မြင်ကွင်းများဖြင့် တစ်မြို့လုံးက သတို့သမီးအသစ်စက်စက်လေးနဲ့ တူနေတယ်။ အေးစက်နေသောလေပြေလေးက လူတစ်ဦးစီ၏စိတ်ကိုတိုက်ရိုက်ထိမိလျက်ရှိတယ်။
အပြာရောင်ဆံပင်လန်းလန်းနဲ့ ၁၇နှစ်ဝန်းကျင်အရွယ်ရှိ ကောင်လေးတစ်ယောက်ဟာ ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်လာပြီး သူ့ပခုံးတွင် ကျောပိုးအိတ်တစ်လုံးကို လွယ်ထားတယ်။
သူက ပတ်ဝန်းကျင်ကို ကြောက်ရွံ့သောအကြည့်များ၊ မျက်လုံးအပြူးသားနှင့် ပါးစပ်အဟောင်းသားဖြင့် ကြည့်လေတယ်။
မျက်တောင်မခတ်စတမ်း စူးစူးစိုက်စိုက် ကြည့်နေလေသည်မှာ သူသာ မျက်တောင်ခတ်မိပါက အရာအားလုံး လေထုထဲ ပျောက်ကွယ်သွားမယ့်အတိုင်းပင်။ သူဟာ လှပတဲ့အရာတစ်ခုတွေ့လေတိုင်း ပထမဆုံးအကြိမ်မြင်ဖူးသူအလား သူ၏ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလှလှက ကျယ်ပြန့်စွာ ပြုံးတော့တယ်။
ချစ်စဖွယ်အပြုံးလေးမှာ သူ၏ကောင်းကင်တမန်မျက်နှာပေါ်၌ လွှမ်းမိုးနေလေတယ်။ တဖြည်းဖြည်းနှင့် သူဟာ ရှုပ်ယှက်ခတ်နေတဲ့လမ်းပေါ် စတင်လျှောက်လာပြီး၊ ကြောက်ရွံ့တဲ့ အကြည့်မျိုးနဲ့ ဤနေရာကို စူးစမ်းလေတယ်။ သူလေးဟာ ဤမြို့၏အလှတရားကိုအလွန်စွဲမက်သွားပြီး ဤလှပသောရှုခင်းအသေးစိတ်များအားလုံးကို အလွတ်မှတ်ဖို့ ကြိုးစားတယ်။
ရုတ်တရက် ရေခဲမုန့်ဆိုင်ကိုမြင်သွားရာ သူ့ခြေလှမ်းများရပ်တန့်သွားပြီး ထိုသို့ ဦးတည်ပြေးတော့တယ်။ သူအကြိုက်ဆုံး vanilla choco chips ရေခဲမုန့်ကိုမှာကြားပြီး သူ့ရေခဲမုန့်အတွက်ငွေပေးချေကာ။ ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်ပြီး သူ၏လှပသောအပြုံးနှင့်အတူ ကလေးတစ်ယောက်လိုရေခဲမုန့်ကို စတင်လျက်စုပ်လေတယ်။
YOU ARE READING
MY INNOCENT SECRETARY (ZSWW မြန်မာဘာသာပြန် / မြန်မာဘာသာပြန်) (Ongoing)
Mystery / ThrillerFULLY CREDIT TO ORIGINAL AUTHOR - " ZHANYI305-ANSHIKA " အပြစ်ကင်းစင်ပြီး စိတ်နှလုံးဖြူစင်သော ကောင်လေးဟာ သူ၏ဘ၀ တစ်လျှောက်လုံးတွင် အဆိုးရွားဆုံးအချိန်၌ စီးပွားရေးလုပ်ငန်းရှင် လူငယ်တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ရပြီး၊ ကံကောင်းတယ်ပဲဆိုဆို၊ က...