Arc 12.17

3.6K 612 3
                                    

Unicode

ယွိရှင်းယွင် နဲ့ ကုယန် တို့ရှိ​နေတာ​ကြောင့် သက်တော်စောင့်​တွေက သူတို့ရဲ့ အရင်ပုံစံကိုထုတ်ဖော်ပြဝံ့ခြင်းမရှိပေ

ရှီရှန်းကသူမ၏မေးစေ့ကိုထောက်လိုက်တယ်  "ဦးလေး..တွေ့လား  မျက်နှာလိုက်တဲ့အရင်းရှင်တွေ "

Gu Yan"…" ' တကယ်​တော့ ငါ…လည်း အရင်းရှင်ဖြစ်တယ်​လေ '

"ဒါပေမယ့် ကျွန်မ​တော့ကြိုက်တယ် " 
ရှီရှန်းက ဆက်​ပြောတယ် “ ကွဲပြားတဲ့သူတွေကိုကွဲပြားစွာဆက်ဆံသင့်တယ်။  လူတိုင်းကိုတန်းတူဆက်ဆံရင် ပရမ်းပတာ​တွေပြီးဆုံးနိုင်မှာမဟုတ်ဘူး "

လူတိုင်းကသူတို့အားလုံးဟာတန်းတူညီမျှတူတယ်လို့ခံစား​နေရရင်ဘာအလုပ်မှပြီးအောင်လုပ်ကြ​တော့မှာ မဟုတ်ဘူး အလုပ်သမား​တွေကသူတို့ရဲ့အထက်လူကြီးတွေရဲ့စကားကိုနားမထောင်ရင်ဒီကမ္ဘာကြီးကဘယ်လိုဆက်ဖြစ်မလဲ

Gu Yan "…" ' ငါ့ကောင်မလေးငါ့ကို အ​တွေးအ​ခေါ်​တွေပို့ချ​နေပြန်ပြီ…'
"ညီမ​လေး​ရှောင်ရှပြောတာမှန်တယ်" 
ယွိကျို ရင်တွေခုန်လာတယ် အစိမ်းရောင်ဇီးပန်း​လေးက သည်အမြဲမှန်တယ်

ရှီရှန်းက သူမကိုပြုံးပြီးချစ်ခင်မှု​တွေပြည့်​နေတဲ့မျက်လုံး​တွေနဲ့ကြည့်​နေတဲ့ ယွိကျိုကိုတစ်ချက်ကြည့်လိုက်တယ်

"မစ္စတာလုံက မိန်းက​လေးရှန်းနဲ့တွေ့ချင်တယ်​လို့​ပြောတာ​ကြောင့် ကျွန်​တော်တို့ကအမိန့်နာခံရုံပါပဲ... မိန်းက​လေးရှန်း ကျွန်ုပ်တို့နောက်လိုက်လာရင် အားလုံးက ရှင်းလင်းသွားပါလိမ့်မယ်..  မစ္စတာကု နဲ့ မစ္စတာယွိ တို့ကစိတ်မချသေးဘူးဆိုရင်လည်း လိုက်ခဲ့နိုင်ပါတယ်"

နောက်ဆုံးတွင်​တော့ သက်တော်စောင့်​တွေကလက်လျှော့လိုက်ကြတယ်

ယွိရှင်းယွင်ရဲ့ စီးပွား​ရေးအများစုက နိုင်ငံခြားမှာရှိနေတာကြောင့် မစ္စတာလုံကိုကြောက်ရွံ့စရာအကြောင်းမရှိပေမယ့် ကုရန်အတွက်​တော့ ကိစ္စတွေကကွဲပြားတယ်

မစ္စတာလုံက အိမ်ခြံမြေလုပ်ငန်မှာလည်း ဦးဆောင်​နေတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်တာ​ကြောင့် သူ့ကိုတကယ်စော်ကားလိုက်ရင် ကုရန်ဒုက္ခရောက်လိမ့်မယ်
အဆုံးမှာ​တော့ သူတို့အားလုံး သက်တော်စောင့်​တွေနောက်ကို လိုက်သွားပြီးရှုပ်ထွေးနေသောလူအုပ်ကြီးကိုချန်ရစ်ခဲ့ကြတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Onde histórias criam vida. Descubra agora