Unicode
"ရှင်က ဒီကျောက်ရိုင်းကိုကျွန်မဘယ်လိုရွေးချယ်ခဲ့လဲလို့မေးချင်တာမဟုတ်လား"
လုံရွင့်ဆီကနေ အချိန်အတော်ကြာတဲ့အထိ အသံထွက်မလာတာကြောင့် ရှီရှန်းက သူ့ရဲ့မည်းမှောင်နေတဲ့မျက်နှာထားကိုလျစ်လျူရှုပြီး သူမကိုယ်တိုင်အစပြုပြောဆိုလိုက်တယ်
" ကျွန်မအမှတ်တမဲ့ရွေးခဲ့တာ..အဲဒီတုန်းကငကျွန်မကံကအရမ်းကောင်းနေတော့ ကောင်းကောင်းရွေးနိုင်ခဲ့တာပဲ "" ဒီလူတွေနဲ့ဆက်ဆံရတာအရမ်းပင်ပန်းတယ်...သူတို့တွေ အမြဲတမ်း ကွေ့ဝိုက်နေပြီးကိစ္စကိုပိုခက်ခဲအောင်လုပ်ကြတယ်
[……] 'hostကလူတိုင်းကို hostလိုမျိုး သဘောထားကွဲလွဲမှုနည်းနည်းလေးဖြစ်တာနဲ့ဓားဆွဲထုတ်စေချင်နေတာပဲ'
လုံရွင်ရဲ့ မျက်လုံးထဲမှာ အံ့အားသင့်သွားတဲ့အရိပ်အယောင်ပေါ်လာတယ်
'သူမကလူအများစုထက်ပိုပြီး အရိပ်အချေသိတယ်'
"မင်းရဲ့ကံက အရမ်းကောင်းတယ်ဆိုရင် ငါ့အတွက်တစ်ခုခုရွေးပြပါ"
'သူမပြောတာကိုယုံရင် ငါ့လောက်မိုက်မဲတဲ့သူရှိမှာမဟုတ်တော့ဘူး... ငါ့ဘဝကိုသူများတွေလှည့်စားခံနေရပြီးဖြတ်သန်းခဲ့တယ်လို့များထင်နေလား...ဧကရာဇ်အစိမ်းရောင်ကျောက်ကိုရွေးမိတာ ကံကောင်းမှုသက်သက်ဆိုတာကို ငါတော့မယုံဘူး 'ရှီရှန်းက မျက်ခုံးပင့်လိုက်တယ် "ရှင် ကျွန်မကို ပိုက်ဆံပေးမှာလား"
လုံရွင်"…"
'ငါ့ရဲ့ကျောက်ရိုင်းတွေထဲကရွေးယူဖို့အတွက် မင်းကိုပိုက်ဆံပေးရမယ်လို့တောင်းဆိုနေတာလား? ဒါကဘယ်လိုယုတ္တိဗေဒနည်းလဲ! '"မဟုတ်ရင် ကျွန်မကရှင့်ကိုဘာလို့ရွေးပေးရမှာလဲ..လူတွေကသူတို့ရဲ့ကျွမ်းကျင်မှုတွေကိုရောင်းစားဖို့ငွေရကြတယ်ဆိုတာရှင်သိလားအလကားလိုချင်မနေနဲ့..."
“ ဖွီး—” ယွိကျိုကသူ့ရယ်သံကိုမထိန်းနိုင်တော့ဘူး
သူကရယ်မောခြင်းကိုထိန်းသိမ်းဖို့ကြိုးစားရင်း ပါးစပ်ကိုလက်နဲ့အုပ်ထားပေမယ့်လည်းတုန်ယင်နေသောပုခုံးတွေက သူ့ကိုသစ္းာဖောက်နေတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....