Part 16

2.4K 183 28
                                    

(unicode)
သမိုင်းမှာ FA ဘုရင်ဆိုတာ ရှိခဲ့ဖူးပါသလား။

သွေးသည် သမိုင်းပညာရှင်မဟုတ်သည့်အတွက် ဒီမေးခွန်း​၏အဖြေကို တန်းတန်းမတ်မတ် မဖြေနိုင်။ ရှေးဟောင်းစာအုပ်တွေထဲမှာ ရေးထားသည်က ဘယ်ဘုရင်တွင် မိဖုးရားဘယ်လောက်ရှိခဲ့သည် ဘာညာနှင့် မိန်းမနံပါတ်များလေလေ ဘုရင့်မျက်နှာ ဆန်းပွင့်လေလေ။

ထိုအခါ နှာဘူးဘုရင်တွေသာ နာမည်ကျော်စောကုန်ကြသည်။ FA ဘုရင်တွေခင်မျာ မြုပ်သထက် မြုပ်လို့။ သို့တည်းမဟုတ် ဘုရင်ဖြစ်လျှင် FA မဟုတ်တော့တာလည်း ဖြစ်နိုင်သည်။ သူ့ရုပ် သူ့ခန္ဓာထက် သူ့ဦးခေါင်းပေါ်က သရဖူဟာ များစွာသောမိန်းမတွေကို လက်ယက်ခေါ်နေသည်ကိုး။ ဆိုတော့ အချက်အလက်တွေကို နိဂုံးချုပ်လိုက်လျှင် မှတ်သားစရာက တစ်ခုပဲရှိသည်။

'FA မဖြစ်ချင်လျှင် ဘုရင်ဖြစ်အောင်လုပ်။ သရဖူကို ရအောင်ဆောင်းပြီး ကြိုက်တဲ့မိန်းမ လက်ညှိုးထိုးလိုက်စမ်း' ဆိုတာပါပဲ။

သွေးဘဝတစ်လျှောက်လုံး ဤခံယူချက်ကို လက်ကိုင်ထားရင်း ဘုရင်ဖြစ်အောင် ကြိုးစားခဲ့သည်။ တကယ်လည်း သွေးသည် သူ့နယ်ပယ်တွင် ဘုရင်တစ်ပါးပင်။ ဆေးနှင့်ပတ်သက်သော အရောင်းအဝယ်ကိစ္စများ၌ Blood ဆိုသည့်သူ့ကို ကျော်ကာ အာခံရဲသူမရှိ။ သူ့ပိုင်နက်နန်းတော်ကိုက အစစ်အဆေးကြမ်းသည့် အမေရိကန်တွင် ဘွင်းဘွင်းရှင်းရှင်းကြီး ခြေချရဲတာမို့ ကမ္ဘာရှေ့ခြမ်းက အာရှအခြေစိုက်ဂိုဏ်းတွေ ပိုလို့ပင်ရှိန်ကြသေး​၏။

ဘုရင်တစ်ပါးဖြစ်သည့်အပြင် ရုပ်ရောကိုယ်ပါ တင့်သည့်သွေး။ လက်ညှိုးထိုးစရာ မလိုအောင်ကို မိန်းမတွေဟာ ဝိုင်းဝိုင်းလည်လို့။ စိတ်ပါလျှင် ခြေရင်းနားက တစ်ယောက်ကိုကောက်၊ ပါကင်ဖောက်ပြီး ဝဲပစ်လိုက်ရုံ။

​သွေး ဒီတစ်သက် အတူအိပ်ခဲ့သည့်မိန်းမ အရေအတွက် ဘယ်လောက်ရှိသွားပြီလဲ။ သွေး​၏အသက်ကို နှစ်နှင့်မြှောက်ပြီး သုံးပေါင်းလျှင်တော့ ဤမေးခွန်း​၏အဖြေကို ရှာတွေ့နိုင်ကောင်းပါရဲ့။

သွေးနှင့်ပတ်သတ်ခဲ့ဖူးသည့် ယောကျာ်းအရေအတွက်ဟာတော့... အင်း... သွေးတစ်ယောက်ကလွဲလို့ Min အပါအဝင် တခြားဘယ်သူမှ မသိသေးသည့်၊ ထုတ်ဖော်ပြောဖို့လည်း စိတ်ကူးမရှိသည့် လျှို့ဝှက်ချက်တစ်ခုပါပဲ။

Blood of MINWhere stories live. Discover now