🤍24🤍

1.3K 101 9
                                    

🐯Unicode🐯

Bright ရဲ့ပြေးနေတဲ့ခြေလှမ်းတွေက တစ်ဖြည်းဖြည်းနှေးလာပြီး ယိုင်ကျသွားတော့သည်။

"မရတော့ဘူး ကိုယ် တကယ်မောနေပြီ"

Bright ပြေးနေတာကိုရပ်လိုက်ပြီး လက်နှစ်ဖက်ကိုခါးထောက်ကာ ဟောဟဲလိုက်နေသည်။

Win က မတ်တပ်ရပ်ပြီးအမောဖြေနေတဲ့ Bright ကိုဝိုင်းကြီးပတ်ပတ်လုပ်ပြေးနေကာ စကားနာထိုးဖို့ကြံစည်နေသည်။

"ဖိဘိုက်ကလဲ နည်းနည်းလေးတောင်အမောမခံနိုင်ဘူးလား လူငယ်ဖြစ်ပြီးတော့"

"ပြောချင်ရာပြော ကိုယ်တကယ်မောတယ် အရင်ကပြေးဖူးပါတယ် ဒါပေမယ့်အလွန်ဆုံးနာရီဝက်လောက်ပဲ မနက်စာထွက်ဝယ်ရမယ့်အတူတူ နီးနီးနားနားပြေးပြီးပြန်လာတာ..Win လိုတစ်နာရီခွဲနှစ်နာရီလောက် မပြေးနိုင်ဘူး..ဒီလောက်ပြေးနိုင်တာတောင် အခံရှိလို့"

"ဟားဟားဟားဟား ဗျိုင်းအိုကြီး ငါးမဖမ်းနိုင်တော့ဘူး ဟားဟားဟား ဖမ်းလေ ကျွန်တော့်ကိုဖမ်းလေ"

ဘေးမှာပတ်ချာလှည့်ပြေးပြီး မထိတထိလာတို့လိုက် ပြေးလိုက်လုပ်နေတဲ့ Win ကို Bright တကယ်လိုက်မဖမ်းနိုင်ပါ။
Win ကတော့ Bright ကိုမခံချင်အောင် စနေရတာကို ခုံမင်ပျော်ရွှင်နေပုံရသည်။

တကယ်မောလို့မဖမ်းနိုင်သည့် အခါလဲရှိသလို Win စိတ်ကျေနပ်အောင် တမင်မဖမ်းနိုင်ချင်ယောင်ဆောင်ရသည့် အခါတွေလဲ မရေမတွက်နိုင်အောင်ပင်။
ငယ်သူတွေက အနိုင်လိုချင်တတ်ကြသည်မလား။Winကို အရှုံးပေးလိုက်ရတာ Bright အတွက်အပန်းမကြီးပေမယ့် Win ကတော့ တော်တော်သဘောကျသည်။

"နောက်ပိတ်ရက်ကျရင် သေနတ်သွားပစ်ရအောင်! သေနတ်! သေနတ်!"

Bright နှာခေါင်းရှုံ့ပြလိုက်သည်။

"ဘယ့်နှယ့်ကွာ Golf ရိုက်ပါလား ဒါမှမဟုတ်တင်းနစ်တို့ဘာတို့"

"သေနတ်မပစ်ရရင် ငါးသွားမျှားမှာပဲ! လိုက်မှာလား မလိုက်ဘူးလား ပြော!!"

အမြဲလိုက်လျောမှန်းသိလို့ Win ကတမင် အကြပ်ကိုင်သည်။နောက်ဆုံးကျတော့လဲ Win အလိုကို Bright လိုက်ရတာပါပဲ။

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Where stories live. Discover now