ကျောင်းဆင်းချိန်ရဲ့ထုံးစံအတိုင်း ဖယ်ရီဂိတ်မှာအလွန်စည်ကားလွန်းနေသည်။
တချို့ကလည်းကားပေါ်မှာနေရာယူဖို့စောင့်နေသလို တချို့ကလည်း သူငယ်ချင်းများနဲ့ မနက်ဖန်လည်မည့်အကြောင်းဆွေးနွေးနေကြသည်။ထို့အချိန်တွင် အိမ်ပြန်ဖို့စောင့်နေသော ကောင်လေးများထဲမှာ Lee Jeno က တခြားကောင်လေးတွေကြားထဲမှ ထူးထူးဆန်းဆန်း စာအုပ်ကိုသာ ထူးဆန်းစွာဖတ်နေလေသည်။ထိုအချိန်တွင် ကားစောင့်နေသည်ကောင်မလေးတွေရဲ့ ပါးစပ်ဖျားမှာ ငြိမ်သက်စွာစာဖတ်နေ
သည့် ကောင်လေးနာမည်မှ လွှဲ၍မရှိပေ။ကားက ဂိတ်သို့ ထိုးစိုက်တော့ စာဖတ်နေတဲ့ ကောင်လေးရဲ့အကြည့်က ကျောင်းရဲ့ အပေါက်ဝကိုသာ ရောက်နေသည်။
" Arr... သူတို့က မလာတော့ဘူးလား?''
သူတို့ ဆိုသည်မှာ Lee Jeno ရဲ့ ငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ Haechan နဲ့ Renjun သာဖြစ်သည်။ ငယ်ငယ်ကတည်းက အိမ်နီးချင်းတွေဖြစ်သလို ကြီးလာတော့လည်း အဆောင်တူ မေဂျာတူ သူငယ်ချင်း အရင်းတွေသာ ဖြစ်ကြသည်။
ကားက နောက်ကျတော့မည် ဖြစ်သဖြင့် jeno ကားပေါ်တတ်ဖို့ပြင်နေစဥ်...
"ဟေ့ jeno ရေ''
Haechan ရဲ့ခေါ်သံကြောင့် jeno က ကားပေါ်မှ ပြန်ဆင်းလာပီး
" ဘာလို့ အခုမှ လာကြတာလဲ ငါ့မှာစောင့်ရတာကြာလ်ို့ အိပ်တောင်ပျော်တော့မယ် သွားစရာရှိပါတယ်ဆို နေမှ''
"Renjun ပေါ့ ကျောင်းက ထွက်ခါနီး Toilet သွားချင်တယ်ဆိုလို့စောင့်ပေးနေတာ''
"ကဲ တော်ပြီ ကားပေါ်တတ်'' လို့ပြောခါမှ ကားက သူတို့စကားပြောကောင်းမှုကြောင့် လွှတ်သွားခဲ့လေပြီ။
ထိုအခါ Jeno မှ သက်ပြင်းချသံဖြင့်
"ဟော ဟိုမှ ငါတို့ အဖေကားကြီးက ထွက်သွားပြီ မင်းတို့နှစ်ယောက် ကောင်းမှူကြောင့်''
Renjun နဲ့ haechan က အော်ရီလိုက်ပြီး
" ဘာ...အဖေ ငါတို့အဖေတွေ အိမ်မှာရှိပါတယ် မင်းအဖေတော်ချင်တယ်ဆိုရင်တော့ ငါနောက်နေ့ပြောပေးမယ်'' ဆိုပြီး Haechan က စနောက်လိုက်တယ်။
YOU ARE READING
Always Beside U
Fanfictionအမြဲတမ်း ကို့အနားမှာ တစ်သက်လုံးနေချင်ပါတယ် ဒါမဲ့ ကံကြမ္မာက....မျက်နှာသာလုံးဝမပေးခဲ့ဘူး ဒါမဲ့ ကို့ဘေးနားမှာဘဲထပ်ရှိနေဖို့ကြိုးစားပါမယ်....