မနေ့ညက ရန်ပွဲကြောင့် ထမင်းမစားပဲ စိတ်ကောက်နေသူက မော်လို့ချီလို့....တစ်ညလုံးဗိုက်ထဲမှာ အစာမရှိပဲ ဂျစ်တူးနေတာ မနေနိုင်တဲ့သူကပဲ အရှုံးပေးချော့မော့ရစမြဲ....
" ကလေး....မနေ့ကလဲ ဘာမှမစားဘူး...ခုမိုးတောင်လင်းနေပီ....ငိုထားရတာ မပင်ပန်းဘူးလားကွာ...."
" ငါ့ဟာငါ ပင်ပန်းလို့ လဲသေသွားလဲ မင်း$ပူမပါဘူး...."
" ကလေး....."
ပြောလိုက်မှ စောင်ပုံကြီးထဲ နစ်ဝင်သွားပီး နားတွေပါပိတ်ထားတဲ့ ချေချေမိုးမိုးမျက်နှာတော်လေးက အများအမြင်မှာ ကြောက်စရာလေးထင်ရနိုင်ပေမယ့် နင့်နင့်သီးသီးချစ်ရတဲ့ သူ့အတွက်တော့ အမြဲတမ်းချစ်စရာကောင်းနေသည်။
" ကိုကို ကလေးကိုအော်မိတာ တောင်းပန်ပါတယ်ကွာ.....နောက်ဘယ်လိုအကြောင်းမျိုးနဲ့မှ မအော်တော့ဘူးလေ...ဒီဘက်ကို လှည့်ကြည့်ပါအုံးကလေးရာ....ကိုကို ရင်တွေပူနေတာ နေလို့မရတော့ဘူး...."
" ငါ့အသားကိုမထိနဲ့....ထွက်သွား..."
" ကလေး....ကိုကိုကလေ..."
" ငါထွက်သွားလို့ပြောနေတာ နားကန်းနေတာလား....မင်းထွက်မသွားရင် ငါပြတင်းပေါက်ကနေ ခုန်ချမှာနော်...."
" ကလေးကကွာ....ဆိုးစရာမရှိ ရှာကြံညစ်နေပြန်ပီ....ကိုကို့ကလေးလေး ဗိုက်တွေဆာနေမှာစိုးလို့ မနက်စာစားရအောင်လာခေါ်တာကို...."
" တော်တိတ်....မင်းအသံလဲမကြားချင်ဘူး မင်းမျက်နှာပါ ငါမမြင်ချင်ဘူး...ကုန်ကုန်ပြောရင် မင်းဆွတ်ထားတဲ့ ရေမွှေးနံ့တောင် မရချင်ဘူးကွာ....ငါနဲ့အဝေးဆုံးကိုသွားနေ...."
" ဟင် နဲနဲလေးတော့လျှော့လေ....ကလေးပဲ အဲ့ရေမွှေးနံ့လေးကြိုက်လို့ပါဆိုပီး ဒီရင်ဘတ်ကြီး လာလာနမ်းနေပီးတော့....."
" အရူးကွက်တွေ လာနင်းမနေနဲ့ Jeon Jungkook....မသွားသေးဘူးလား....ငါတကယ်ခုန်ချမှာနော်...."
Jimin အောက်ကိုငုံ့ကြည့်တော့ အထပ်ကတော်တော်မြင့်သည်မို့ တကယ်သာခုန်ချလိုက်ရင် အနဲဆုံးတော့ ဒုက္ခိတဖြစ်သွားနိုင်သည်မို့ စိတ်ကမရဲ....
YOU ARE READING
✨ Butterfly Fly Away ✨
Kurzgeschichtenချစ်တိုင်းလဲ မညားဆိုတာ ရာဇဝင်တွေထဲက ယုံတမ်းပုံပြင်ငယ်လို့ ထင်ခဲ့ဖူးတယ်