Unicode
ဆောင်းရာသီသို့အဝင် အအေးဓာတ်တွေ ကျရောက်ချိန်တွင် လူတစ်ယောက်ကတော့ အအေးဒဏ်ကို ဂရုမစိုက်ပဲ လမ်းလျောက်နေလေသည်။ ထိုလူက အသက်၃၀ ကျော် အမျိုးသားတစ်ယောက်သာ ဖြစ်လေသည်။ ထိုအမျိုးသားသည် မျှော်တလင့်လင့်ဖြင့် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေလေသည်။
ရေဒီယိုလေးကို လက်ကကိုင်ကာ လမ်းလေးထဲ တစ်ယောက်တည်း သူ လမ်းလျှောက်နေမိသည်။ ရေဒီယိုလေးမှ လွှင့်စင်လာသော သီချင်းလေးက သူ့အဖြစ်နှင့် ထပ်တူညီလေသည်။
*မြောက်လေအပြန် ဟေမာန်ဆောင်းရာသီ ငွေရည်ငွေနှင်းလေးတွေ ဖျန်းပက်လေတော့သည်...
တစ်ယောက်မေအထံ မောင်အပြန်ဆောင်းအမှီ လာစေချင်လွန်းလို့သာ ခွန်းဆင့်ကာ တေးသီ...
ရွှေ...ရွှေကျီးကလေးအာနီ... တစာစာသူလဲ တအာအာနဲ့မည်...
ဘာလဲ လူကိုကျီစယ်နေသည်...သာလဲသာနိုင် သာနိုင်ပေသည်...အောင်သွယ်ကောင်းလေးအပီ သာတဲ့အကြောင်းနဲ့အညီ...
မောင်ရယ် ဆောင်းအမှီ ဒီကနေ့တော့ ရောက်မယ် ထင်ပါသည်...*
သီချင်းလေးပြီးသွားသော်လည်း သူမျှော်လင့်ရတဲ့ လူက ရောက်မလာသေးပါ။ နေမင်းကြီးသည် တောင်တန်းတွေဆီသို့ ခိုဝင်အနားယူသွားချိန် သူလဲ အိမ်သို့ပြန်လာခဲ့ပါသည်။ ဒီနေ့လဲ ချစ်ရသူ မောင်ဟာ ပြန်ရောက်မလာခဲ့ပါ။
မောင့်အကြောင်းလေးတွေးရင်း လွန်ခဲ့သော နှစ်တွေဆီသို့...
"မောင်နဲ့ လိုက်ခဲ့ပါ ကိုကို"
နယ်လေးတစ်ခုမှာ ဆရာ တစ်ယောက်ဖြစ်တဲ့သူဟာ ထိုရွာကို အလည်လာသော မြို့သားလေးနဲ့ ချစ်ကြိုက်မိခဲ့သည်။ မိဘတွေက သဘောမတူနိုင်၍ မောင်ဟာ သူနဲ့အတူ လိုက်ခဲ့ရန် စွမ်းစွမ်းတမံ ခေါ်လေသည်။
"ဒါမဲ့ မောင်ရယ် ကောင်းပါ့မလားကွာ"
" ကိုကိုကလဲ မောင်ရှာကျွေးမှာပါ။ စိတ်ချပါ ကိုကိုရယ်။ မောင်မခွဲချင်ဘူးလေနော်"
သူ့ထက် အသက်၄နှစ်လောက်ငယ်တဲ့ မောင်ဟာ သူ့ကို ရှာကျွေးမယ်တဲ့လား။ သူကတော့ မောင့်ကို ယုံကြည်ပါသည်။
YOU ARE READING
M's os collection
Короткий рассказကိုယ့်ရဲ့ bl,gl,normal oneshot လေးတွေကို ဒီနေရာမှာ တင်ပေးပါ့မယ်။