Unicode
သူ့ထံသို့ စိုက်ဝင်လာသော ဓားတစ်လက်။ ထို့နောက် သူ့ကမ္ဘာကြီး မှောင်မိုက်ကာ လောကကြီးနဲ့ အဆက်သွယ် ပြတ်သွားခဲ့သည်။
"cut အားလုံးတော်ကြပါတယ်။ မင်းသမီးနှောင်းနဲ့ မင်းသားလဲ ပင်ပန်းသွားပါပြီ။ ဒီနေ့တော့ မိုးချုပ်နေပြီမို့ shooting break ပါ"
ဒါရိုက်တာကြီးဆီက အသံကြားသည်နှင့် သူလဲနေရာမှ ထလာလိုက်သည်။ သွေးအတုတွေနဲ့ ပေနေသော သူ့အကျီပေါ်သို့ ကိုခန့်က ဝတ်ရုံတစ်ခု လာခြုံပေးသည်။
ကိုခန့်ဆိုသော သူသည် မြင့်မားသောအရပ်၊ gym ဆော့ထားသည်ကြောင့် တောင့်တင်းလှသော ခန္ဓာကိုယ် ၊ ဆံပင်ကို လှန်တင်ထားသည်ကြောင့် ရှင်းလင်းလှသော မေးရိုးတို့က ပေါ်လွင်နေသည်။ သို့သော် ထိုလူသည် ယောကျ်ားဟု အမြင်မှားလောက်အောင် ခန့်ညားသော မိန်းမတစ်ယောက်သာ။
တနည်းအားဖြင့် သူရဲ့ မန်နေဂျာ ။ အမျိုးသမီး bodyguard တစ်ယောက်။
"နှောင်း အဝတ်အစားလဲခန်းထဲမှာ အဝတ်ထုတ်ထားပေးတယ်။ ကိုယ်အခန်းရှေ့က စောင့်နေမယ်"
ကိုခန့်က သူ့တာဝန်အတိုင်း ကျေပွန်စွာ သူ့ကို ဂရုတစိုက်ရှိလှသည်။ အဝတ်လဲခန်းထဲမှာ ထုတ်ပေးထားသော အဝတ်တွေကို ကိုင်ကာ သူပြုံးလိုက်မိသည်။ မိန်းကလေးတွေသာ သဘောကျသော ကိုခန့်ကို သူဖွင့်ပြောခဲ့ဖူးသည်။ သို့သော် အလုပ်ခွင်မှာ ချစ်သူမထားပါဘူး ဆိုသော စကားဖြင့် မင်းသမီးတစ်ယောက်ဖြစ်တဲ့ သူက အငြင်းခံခဲ့ရပါသည်။
သူတို့အပြင်ထွက်လာတော့ ပရိတ်သတ်တွေက ဝိုင်းအုံလာသည်။ သေချာတာကတော့ သူ့ပရိတ်သတ်တွေလဲ တဝက်လောက်ရှိသလို ခန့်ညားလှတဲ့ သူ့ရဲ့ အမျိုးသမီး ကိုယ်ရံတော်ကို လာကြည့်တာတွေ များပါသည်။ ကိုခန့်က ထို့သို့လဲ မိန်းကလေးတွေကြားမှာ ရေပန်းစားပါသေးသည်။
"မိုးချုပ်ပြီမို့ အိမ်ပြန်တော့မလား နှောင်း"
ပရိတ်သတ်တွေကြားမှာ သူ့ကို ကာကွယ်ကာ ကားပေါ်ရောက်ပြန်တော့လဲ ဂရုတစိုက် မေးပါသေးသည်။
"ဟင့်အင်း မြစ်ကမ်းဘေးကို သွားထိုင်ချင်တယ် ရမလား ကိုခန့်"
YOU ARE READING
M's os collection
Nouvellesကိုယ့်ရဲ့ bl,gl,normal oneshot လေးတွေကို ဒီနေရာမှာ တင်ပေးပါ့မယ်။