Prologue

377 34 10
                                    

Unicode

ညဘက်ဆိုပေမယ့် ​ခြံကျယ်ကြီးထဲမှာတော့ မီးရောင်စုံတွေနှင့် ထိန်ထိန်လင်းလို့။
အထက်တန်းစားလူတွေရဲ့ပကာသနမြင်ကွင်းတွေကို မီးရောင်အောက်မှာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်တယ်။
ရယ်မောသံတွေ၊ရှန်ပိန်ဖန်ခွက်ချင်းတိုက်သံတွေ၊အကောင်းစားရေမွှေးနံ့တွေ၊တဖိတ်ဖတ်တောက်ပနေတဲ့ တန်ဖိုးကြီးအနောက်တိုင်း၀တ်စုံတွေ။
ဒါတွေက မမြင်ချင်လည်းမြင်နေရတဲ့ သူ့ကို မနှစ်မျို့ဖွယ်အော်ဂလီဆန်စေတယ်။

ဘေးနားမှာယှဥ်ရပ်နေတဲ့ ဂျောင်ဂျယ်ဟျွန်းဆိုတဲ့လူဟာ အနက်ရောင်Tuxedoနဲ့ခန့်ညားချောမောနေတယ်။
သို့သော်လည်း ဒိုယောင်းကတော့ သူ့ကိုရွံပါသည်။
ပုံကျသေသပ်စွာဖြီးသင်ထားတဲ့ အနက်ရောင်ဆံပင်တွေနဲ့လိုက်ဖက်သော သူ့မျက်နှာချောချောဟာ ပုံမှန်အတိုင်းတည်ကြည်မနေဘဲ ပြုံးရွှင်နေတယ်။
အေးပေါ့လေ။အနိုင်ရလိုက်တဲ့သူဆိုတော့လည်း ပျော်နိုင်မှာပေါ့။
ပျော်ကောင်းတုန်းတော့ ကောင်းကောင်းကြီးပျော်ထားဦးပေါ့ ဂျောင်ဂျယ်ဟျွန်းရယ်။

"Best wishes to Bridegrooms ! "

"Thanks you"

ရယ်မောလို့ ဂျယ်ဟျွန်းနဲ့ ဖန်ခွက်ချင်းလာတိုက်ပြီးစကားပြောနေတဲ့ လူကို သေသေချာချာကြည့်မိလိုက်တယ်။
ငွေရောင်ဆံပင်နဲ့ ခပ်သွယ်သွယ်ဒီကောင်လေးဟာ နာမည်ကြီးမော်ဒယ် ဂန်ထယ်ဟိုပါလား။
မျက်နှာပြောင်တိုက်ချက်ကတော့ သူ့အဆက်ဟောင်း ဂျောင်ဂျယ်ဟျွန်းရဲ့ wedding partyကို ဘာမှမဖြစ်သလိုတက်လာတာပဲ။
ဟော အခုလည်း သတို့သားဂျယ်ဟျွန်းကို ပွေ့ဖက်ပြီးတော့တောင် ဂုဏ်ပြုပေးနေလိုက်သေး။
ဂျယ်ဟျွန်းရဲ့ဘေးနားမှာယှဥ်ပြီးရပ်နေတဲ့ သူ့ကို နှစ်ယောက်သားက ရှိတယ်လို့တောင် သဘောမထားလေဟန်။
လိုတာထက်ပိုဆက်ဆံနေကြတဲ့ ဂန်ထယ်ဟိုနဲ့ ဂျယ်ဟျွန်းဆိုသော သူ့အမျိုးသားကိုမြင်ရတာ ခေါင်းထဲမှာ နောက်တက်လာလို့ ရေသောက်ဖို့ရာ ခပ်လှမ်းလှမ်းမှာရှိတဲ့စားပွဲကို တစ်ယောက်တည်း ထွက်လာခဲ့လိုက်တယ်။

စားပွဲပေါ်ကရေဖန်ခွက်ကိုယူပြီး ခက်ဖြေးဖြေးမော့သောက်နေတုန်းမှာပဲ။

WRONG || JaeDo || Unicode+Zawgyi Where stories live. Discover now