unicode
' သံသာညီ ''
မြင်ကွင်းအချို့က မှုံဝါးကာ မသဲကွဲသော်လည်း ယခုရောက်နေသည့်အခန်းမှာ စာမေးပွဲခန်းဖြစ်ကြောင်း သံသာ အသိစိတ်အရသိသည်တစ်ခန်းလုံးတွင် အခန်းစောင့်ဆရာများအပါအဝင် လူဆယ်ယောက်တောင်မပြည့်သောအခန်းလေးကား တိတ်ဆိတ်လျက်ရှိသည်
သံသာ အဖြေလွှာအပ်ပီးပြေးထွက်လာခဲ့ရာ လှေကားခုနှစ်ထစ်ခန့်တက်ရသောအခန်းမှ တစ်ထစ်ချင်းဆင်းရင်း သုံးထစ်ခန့်ဆင်းပီးနောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် ခြေလှမ်းများရပ်တန့်သွားမိသည်
အခန်းရှေ့ရှိမြေပြင်မှလေးပေခန့်မြင့်သော အဝိုင်းပတ်အုတ်ခုံ၏အလည်တည့်တည့်ရှိ ရေပန်းကလေးမှ ရေမှုန်လေးများက အုတ်ခုံကိုမှီကာ လက်ပိုက်၍ရပ်နေသော ထိုယောက်ျားအား ကျီစယ်ကစားနေသည်
ရှည်သောအရပ်နှင့် ထိုအရပ်နှင့်လိုက်ဖက်သော body ကို ပိုင်ဆိုင်ထားသည့် ထိုယောက်ျားက သူနှင့်လိုက်ဖက်သည့်အရာကို သိနေသည့်အလား all black ဝတ်ဆင်ထားပီး ဖြူဝင်းသောအသားအရေကိုဖော်ပြနေသယောင်
စက်ဘီးကလေးနှင့်အတူ အုတ်ခုံတွင် လက်ပိုက်၍မိမိအားစိုက်ကြည့်နေသော ထိုလူကြောင့် သံသာရပ်တန့်နေမိသည် ဘယ်နှစ်မိနစ်ရယ်မှန်းမသိ
အချိန်အချို့လွန်မြောက်သွားပီးခါမှ ထိုလူ၏သြရှရှနှင့် စိတ်မရှည်မှုရောသော '' လာလေ ဘာလုပ်နေတာလဲ '' ဟူသော အော်သံကြောင့် အသိပြန်ဝင်လာခဲ့သည်
မိမိ၏သွားသုံးဆယ့်နှစ်ချောင်းအပြင် အပိုပါသည့် အစွယ်ကလေးပါပါအောင် ပြုံးပြကာ ထိုလူ့ထံပြေးသွားမိသည်
လွယ်အိတ်အနက်ကလေးကိုပစ်ပေးပီး ထိုလူ့စက်ဘီးနောက်သို့ ကျားလျားခွ ထိုင်လိုက်သည်
ထို့နောက်တော့ စက်ဘီးကလေးစတင်ထွက်ခွာခဲ့ပါပီ
ကျောင်းဝန်းထဲရှိကောင်မလေးများက သံသာတို့စက်ဘီးလေးအား လှည့်ကြည့်လှည့်ကြည့်လုပ်ကာ တိုးစိတိုးစိ စကားပြောနေကြလည်း သံသာ သူတို့ကို ဂရုမစိုက်နိုင်ပေ
သံသာ့အာရုံတွေက အရှေ့က စက်ဘီးနင်းနေသောလူထံတွင်သာ အပုံအပင်ရောက်နေသည်
YOU ARE READING
သော ( completed)
Romance(Z+U) '' မြတ်နိုးရပါသော ဆိုတဲ့စာကြောင်းလေးက ဘာကိုဆိုလိုချင်ခဲ့တာလဲ ကျွန်တော်သိချင်မိတယ် ပီးတော့ စာအုပ်ထဲက သောဆိုတဲ့ကောင်လေး အကြောင်းရောပဲ ကျွန်တော်မေ့နေခဲ့တဲ့မှတ်ညဏ်တွေထဲက တစ်စုံတစ်ယောက်ပေါ့ '' (ပိုင်မင်းသာဟန်) '' ကျွန်တော့်ဘဝရဲ့ပထမဆုံးလိုအင်နဲ့တော...